နိုင်ငံကျော်ဘောလုံးသမား ဒေးဗစ်ဘတ်ခမ်းဆိုရင် မသိတဲ့လူမရှိပါဘူး။ ဘတ်ခမ်းဟာ မိသားစုအပေါ်တော်တော်ချစ်ခင်တဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ဖြစ်ပါတယ်။ သူတို့မိသာစုလေးဟာ အားကျစရာကောင်းပြီး ပျော်ရွှင်တဲ့မိသားစုလေးဖြစ်ပါတယ်။ သူတတ်တဲ့ ပွဲတိုင်းလိုလိုမှာလည်း မိသားစုနဲ့သာ အများဆုံးပွဲတတ်ပြီး သားသမီးနဲ့မိသားစုအပေါ်ချစ်ခင်မြတ်နိုးမှုဟာ သူအတွက် ပထမဦးစားပေးမှုလို ဖြစ်တယ်ဆိုလည်း မမှားပါဘူး။ 

သားကြီးဖြစ်သူ Brooklyn Beckham ဟာ သြဂုတ်လ(၂၃)ရက်နေ့ က နယူးယော့ခ်ကကောလိပ်တစ်ခုမှာ ပညာသင်ကြားဖို့ ပထမဆုံးကျောင်းတတ်ရက်ဖြစ်ပါတယ်။ ဘတ်ခမ်းဟာ သားဖြစ်သူကို စိတ်မချပဲ ကိုယ်တိုင်လိုက်ပို့ခဲ့တယ်လို့ သိရပါတယ်။ “သားဖြစ်သူအတွက်စိတ်လှုပ်ရှားစရာကောင်းပြီး ကြိုးစားရမယ့်အချိန်တွေ ရောက်လာပါပြီ..သားအတွက်ဂုဏ်ယူမိတယ်” လို့လည်း အတူတွဲရိုက်ထားတဲ့ဓာတ်ပုံတွေနဲ့ အတူ Instagram မှာရေးသားထားပါတယ်။ ဘတ်ခမ်းမှာ သား(၃)ယောက်နှင့် သမီး(၁)ယောက်ရှိပြီး Brooklyn က အကြီးဆုံးဖြစ်ပါတယ်။   

Brooklyn Beckham ဟာ အနုပညာနဲ့ ဓာတ်ပုံပညာကို ဝါသနာပါပြီး သူ့ရဲ့ ပထမဆုံးဖြစ်တဲ့ What I See ဆိုတဲ့ ဓာတ်ပုံအယ်လ်ဘမ်ကို မကြာသေးမီက ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။ ပြီးတော့ “ကောလိပ်စတတ်ရမှာဖြစ်တဲ့အတွက် အရမ်းကိုစိတ်လှုပ်ရှားနေပါတယ်။ ဝါသနာပါတဲ့ အနုပညာနဲ့ ဓာတ်ပုံပညာကို အဓိကထားပြီးတော့လေ့လာနေပါတယ်။ ဒီပညာသင်ကြားမှုအတွက် နှစ်တော်တော်ကြာအောင်အချိန်ပေးပြီးလေ့လာပါမယ်။ အရမ်းလည်း ရင်ခုန်စိတ်လှုပ်ရှားရပါတယ်” လို့အင်တာဗျူးတစ်ခုမှာ ဖြေထားပါတယ်။

သတင်းအရင်းမြစ် SearchMyanmar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။