အမျိုးသားခြင်းလုံးအသင်းမယူပေးနိုင်ခဲ့တဲ့ရွှေကိုရယူပေးခဲ့တဲ့

အမျိုးသမီးခြင်းလုံးအသင်း

ဆုပေးပွဲအခမ်းအနားကျင်းပချိန်မှာသူတို့တွေရဲ့မျက်လုံ

တွေထဲမှာမျက်ရည်တွေဝိုင်းနေပါတယ်။မြန်မာနိုင်ငံတော်

သီချင်းဆိုလိုက်ချိန်မှာတော့သူတို့ဖြေမဆည်နိုင်ကြတော့ပါ။

သူတို့ဆိုတာမြန်မာနိုင်ငံအတွက်ခြင်းလုံးအားကစား

ကနေရွှေဆုယူပေးနိုင်ခဲ့သောအမျိုးသမီးအားကစား

မယ်များပင်ဖြစ်ပါတယ်။

ဒီနှစ်မြန်မာအမျိုးသားခြင်းလုံးအသင်းကံမကောင်းခဲ့။

အောင်မျိုးဆွေ၊အားထစ်၊ဘောစိ၊ဖိုးခေး၊ဇော်ဇော်အောင်

တို့လိုလူကြီးလူငယ်ပေါင်းစပ်ပြီးအကောင်းဆုံးအနေအထား

တစ်ရပ်ကိုပိုင်ဆိုင်ထားပေမယ့်ပွန်ချိုင်းတို့ရဲ့ထိုင်းအသင်းကို

နှစ်ကြိမ်တိုင်တိုင်ဗိုလ်လုပွဲမှာရှုံးနိမ့်ပြီးရွှေနဲ့ဝေးခဲ့ရပါတယ်။

ဒါပေမယ့်ကစ်ကစ်ရဲ့အမျိုးသမီးအသင်းဟာ

မြန်မာနိုင်ငံရဲ့မပြည့်စုံသေးတဲ့ရွှေရောင်အိမ်မက်ကို

ဆက်လက်အကောင်အထည်ဖော်ပေးခဲ့ပါတယ်။

မြန်မာအမျိုးသမီးအသင်းကရွှေ၊ဒုတိယနေရာမှာတော့

အင်ဒိုနီးရှား၊တတိယနေရာမှာတော့ဗီယက်နမ်နဲ့လာအိုပူးတွဲရှိနေခဲ့ပါတယ်။

မြန်မာအမျိုးသမီးခြင်းလုံးအသင်းနိုင်ငံတော်သီချင်းဆိုနေချိန်မှာ

သူတို့ရဲ့နောက်မှာအမျိုးသားခြင်းလုံးအားကစား

သမားတွေလည်းလိုက်ဆိုလျှက်...

သူတို့ရဲ့မျက်လုံးထဲမှာလည်းမျက်ရည်တို့ဝဲလျှက်...

ေါက

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။