ယခုဖြစ်ရပ်ကတော့ ဆန်းကျယ်ပါတယ်။အစားအစာနဲ့ပတ်သက်ပြီး ဂရုစိုက်တက်တဲ့ကာယ ဗလမောင်တွေက ယခုလို အစာနင်ပြီးသေဆုံးတော့ အံသြစရာတခုပါ။သေဆုံးသွားသော ကာယဗလမောင်နာမည်ကတော့ ကာယဗလချံပီယံ Dallas McCarverပါ။သူကို “Big Country” ဟု လူသိများကြပါတယ်။

သြဂုတ်လ ၂၂ ရက်နေ့တွင် သူသေဆုံးချိန်မှာတော့ အသက်ဟာ ၂၆နှစ်ရှိပါတယ်။ကာယဗလချံပီယံ Dallas McCarver ကို ဖလော်ရီဒါရှိ သူ၏နေအိမ်အခန်းထဲတွင် သေဆုံးလျှက် တွေ့ရှိခဲ့ရတာပါ။McCarver ရဲ့ လည်ချောင်းထဲ့မှ ပန်းရောင်လိုလိုအရာတစ်ခု တစ်စို့နေတာမြင်ခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။ယခင်ကသူဟာတော့ ကျန်းမာရေးချို့ယွင်းမှုတစ်စုံတစ်ရာမရှိခဲ့ဟုသိရပါတယ်။့ အားကစားခန်းမတွင် နေ့စဉ်လေ့ကျင့်နေမှုများကို အင်စတာဂရမ်မှ အမြဲမပြတ် ပုံတွေ၊ ဗီဒီယိုတွေ တင်ခဲ့သူလည်းဖြစ်သည်။ 

McCarver ရဲ့ ရည်းစားဖြစ်သူ Brooke က သူတို့နှစ်ယောက် အဲဒီနေ့ညမှာ ညစာအတူစားဖို့ ချိန်းထားခဲ့တယ်လို့လဲသိရပါတယ်။ဝမ်းနည်းစရာကောင်းပါတယ်။McCarver ဟာ အသက် ၂၁ နှစ်အရွယ်ထဲကကာယဗလမောင်အဖြစ်စတင်ခဲ့တယ်လို့လဲသိရပါတယ်။ပြိုင်ပွဲတွေလဲ အမြဲအနိုင်ရသူလို့လဲသိရပါတယ်။၂၀၁၆ ခုနှစ် အိုလံပစ်မောင် ပြိုင်ပွဲမှာ အဆင့် ၈ နေရာက ရပ်တည်ခဲ့ပါတယ်။ 

သတင်းအရင်းမြစ် Lwin Pyin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။