ယခုအပတ်မှာတော့ အင်္ဂလန်ပရီးမီးယားလိဂ် ပွဲစဉ်(၃)များကို ယှဉ်ပြိုင်ကစားသွားမှာပါ။ လက်ရှိ ဇယားထိပ်က မန်ချက်စတာယူနိုင်တက်က အိမ်ကွင်းမှာ လက်စတာစီးတီးနှင့် ကစားရမှာပါ။ လက်ရှိချန်ပီယံ ချယ်ဆီးကတော့ တနင်္ဂနွေနေ့မှာ အဲဗာတန်နှင့်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ တော့တီဟမ်စပါးကတော့ တနင်္ဂနွေနေ့မှာ ဘန်လေနှင့်ကစားရမှာပါ။ ဒီအပတ်၏အကောင်းဆုံးပွဲကတော့ တနင်္ဂနွေနေ့မှာ အာဆင်နယ်နှင့်လီဗာပူးတို့ အန်ဖီးလ်မှာ ကစားသွားမှာပါ။

ချယ်ဆီးအသင်းကတော့ အဖွင့်ပွဲမှာ ဘန်လေကို အိမ်ကွင်းမှာ ရှုံးနိမ့်ထားပါတယ်။ သို့သော် ပြီးခဲ့တဲ့ တော့တီဟမ်စပါးနှင့် လန်ဒန်ပွဲစဉ်မှာ အနိုင်ကစားထားပါတယ်။ ချယ်ဆီးအနေနှင့် လက်ရှိအချိန်မှာ ဖာဘရီဂတ်စ်တို့ ကာဟေးတို့ ပွဲပယ်ကြောင့် ကစားနိုင်မှာ မဟုတ်ပေ။ သို့သော်ချယ်ဆီးအနေနှင့် အားယုတ်သွားဖွယ်မရှိသလို လူအင်အားက တောင့်တင်းနေဆဲပါ။ 

အဲဗာတန်က တိုက်စစ်မှူးသစ် ရွန်းနီ၏ဂိုးများဖြင့် ၄မှတ်ရယူထားနိင်တာပါတယ်။ ဒါ့အပြင် လူငယ်တိုက်စစ်မှူး လီဝင်ကလည်း ရွန်းနီအတွက် ၂ဂိုးစလုံးကို ဖန်တီးပေးနိုင်ထားပါတယ်။ သို့သော် ကွင်းလယ်လူ ရှနိုက်ဒါလင်အနေနှင့် မန်ချက်စတာစီးတီးနှင့်ပွဲစဉ်က အနီကြောင့် ချယ်ဆီးနှင့် ပွဲကို လွဲချော်ထားပါတယ်။ ယခု ချယ်ဆီးနှင့် အဲဗာတန်အသင်းတို့၏ပွဲစဉ်က သရေကျသွားဖို့များနေပြီ အနိုင်ရပါကလည်း အနိုင်ရတဲ့အသင်းနှင့်ရှုံးတဲ့အသင်း ဂိုးသိပ်ကွာမည်မဟုတ်ပေ။

Hein (Mg Lu Aye)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။