ထိုင်းပရီးမီးယားလိဂ်ကလပ်တွေမြန်မာကစားသမားတွေကို

မျက်စိကျနေပြီလား

ထိုင်းပရီးမီးယားလိဂ်ဆိုတာအာဆီယံရဲ့အပြင်းထန်ဆုံး

အအောင်မြင်ဆုံးဘောလုံးရပ်ဝန်းတစ်ခုပါ။အရင်က

ထိုင်းကစားသမားတွေဖြစ်တဲ့ကိုင်တီဆက်၊သောင်ဂလို၊

ဒူးဆစ်စတဲ့ထိုင်းကစားသမားတွေဟာ

ဗီယက်နမ်လိဂ်မှာသွားကစားခဲ့ကြပါတယ်။

ဒါပေမယ့်အခုအချိန်မှာတော့ထိုင်းပရီးမီးယားလိဂ်ဟာ

V-Leagueကိုကျော်တက်သွားခဲ့ပါတယ်။

ထိုင်းပရီးမီးယားလိဂ်ကလပ်တွေဟာမြန်မာအပါအဝင်

အာဆီယံနိုင်ငံတွေကကစားသမားတွေကိုအပြိုင်အဆိုင်ယခေါ်ယူဖို့စောင့်ကြည့်နေကြပါတယ်။ဘာကြောင့်လဲဆိုတော့

ထိုင်းဘောလုံးအဖွဲ့ချုပ်ရဲ့ပြောင်းလဲလိုက်တဲ့စည်းမျဉ်း

ကြောင့်ပါ။ထိုင်းဘောလုံးအဖွဲ့ချုပ်FATဟာလာမယ့်ရာသီကစတင်ပြီး

နိုင်ငံခြားသားကစားသမားသုံးယောက်၊အာရှကစားသမား

တစ်ယောက်နဲ့မြန်မာအပါအဝင်တခြားအာဆီယံနိုင်ငံတွေက

ကစားသမားတစ်ဦးထည့်သွင်းရမယ်လို့စည်းမျဉ်း

သတ်မှတ်ခဲ့လို့ပါပဲ။ဒီနှစ်ရာသီမှာတော့နိုင်ငံခြားသား

ကစားသမားကလေးယောက် ၊အာရှကစားသမား

တစ်ယောက်ခေါ်ယူခွင့်ပေးထားတာပါ။အသစ်ထုတ်ပြန်တဲ့

စည်းမျဉ်းဟာ နောက်ရာသီကစပြီး

အသက်ဝင်မှာဖြစ်လို့ထိုင်းအသင်းတွေဟာအာဆီယံ

ကစားသမားတွေကိုခေါ်ဖို့အပြိုင်အဆိုင်ပြင်ဆင်နေကြတာပါ။

ဒါကြောင့်မြန်မာအသင်းရဲ့တိုက်စစ်မှူးအောင်သူ

ကိုခေါ်ယူချင်တယ်ဆိုတဲ့သတင်းတွေဆူညံနေတာပဲ

ဖြစ်ပါတယ်။ထိုင်းသတင်းစာတွေကလည်း

အရည်အသွေးည့ံတဲ့ နိုင်ငံခြားကစားသမားတွေ

ခေါ်မယ့်အစားအရည်အသွေးမြင့်မားတဲ့

အာဆီယံနိုင်ငံတွေကကစားသမား

တွေကိုခေါ်ယူဖို့တိုက်တွန်းနေကြပါတယ်။

အားလုံးထဲမှာမှမြန်မာကစားသမား

တွေကိုပိုခေါ်ချင်နေရတာကထိုင်းနိုင်ငံရောက်

မြန်မာပရိသတ်ကြီးရှိနေလို့ပါပဲ။စီးပွားရေးအမြင်အရ

တွက်ရမယ်ဆိုရင်ပေါ့။ဒါကြောင့်ကျွန်တော်တို့

သိပ်မကြာခင်မှာပဲထိုင်းလိဂ်ကိုပြောင်းမယ့်

မြန်မာကစားသမားတွေကိုအနှေးနဲ့အမြန်မြင်တွေ့

ရဖွယ်ရှိနေကြောင်းပါခင်ဗျာ။

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။