မက္ကဆီကိုလွှတ်တော်မှာ သာမန်မဟုတ်တဲ့ ရုပ်ကြွင်းနှစ်ခုနှစ်ပတ်သက်ပြီး ကြားနာမူပြုလုပ်

//s9.kh1.co/5f/5fc7920cdf6068a95cc5588f14c6b9dfc13d5816.jpg
နေ့စဉ်သတင်းများ

 ၁၄-စက်-၂၀၂၃ ၂pm · လွန်ခဲ့သော ၇ လ က

မက္ကဆီကိုလွှတ်တော်မှာ သာမန်မဟုတ်တဲ့ ရုပ်ကြွင်းနှစ်ခုနှစ်ပတ်သက်ပြီး ကြားနာမူပြုလုပ်

မက္ကဆီကိုနိုင်ငံမှာ ပြီးခဲ့တဲ့ အင်္ဂါနေ့ (စက်တင်ဘာ ၁၂ ရက်)က ကျင်းပပြုလုပ်တဲ့ ကွန်ဂရက်လွှတ်တော် ကြားနာမှုမှာ မက္ကဆီကို သတင်းထောက်လည်းဖြစ် UFO ပညာရှင်တစ်ဦးဖြစ်တဲ့ Jamie Maussan က သာမန်မဟုတ်တဲ့ ဂြိုလ်သားလို့ ယူဆရတဲ့ ရုပ်ကြွင်းနှစ်ခုကို ထုတ်ပြခဲပြီး ကြားနာခဲ့ပါတယ်။ 

https://s9.kh1.co/__image/w=650,h=403,q=100/eb/ebce187551788921ee2b5a32a9f6cd347bacbad9.jpg
https://s9.kh1.co/__image/w=650,h=367,q=100/cc/cccab109c579754fd732282eddde29aa8a563522.jpg

Jamie Maussan ရဲ့ ကြားနာမှုမှာ အဆိုပါရုပ်ကြွင်းများဟာ လက် ၃ ချောင်းစီပါရှိပြီး အရှည် ၃ ပေနှင့် ၁ လက်မရှိတာကြောင့် ကမ္ဘာပေါ်ရှိ မည်သည်သတ္တဝါတွေနဲ့မှ မတူဘူးလို့ဆိုပါတယ်။ ဒီရုပ်ကြွင်းနှစ်ခုကိုတော့ ၂၀၁၇ ခုနှစ်က ပီရူးနိုင်ငံ ရှေးဟောင်း Nazca Lines အနီးကနေ တူးဖော်တွေ့ရှိခဲ့တာ ဖြစ်ပြီး သက်တမ်းအားဖြင့် နှစ်ပေါင်း ၁၀၀၀ ခန့်ရှိတယ်လို့ ဆိုပါတယ်။ 

https://s9.kh1.co/__image/w=650,h=367,q=100/5b/5b53d215d5872e7155237779eb8b7eae66b89592.jpg
https://s9.kh1.co/__image/w=650,h=367,q=100/a8/a8f62f2ed8d6f49717059889b7c47c2daa107cde.jpg

ယခင်ကလည်း အလားတူ ရုပ်ကြွင်းတွေကို တွေ့ရှိခဲ့ပေမယ့် စစ်ဆေးကြည့်တဲ့အခါမှာ ကလေးငယ်တွေရဲ့ ရုပ်ကြွင်းများဖြစ်ခဲ့ပါတယ်။ အခုတွေ့ရှိရတဲ့ ရုပ်ကြွင်းတွေကို X-rays၊ 3-D ပြန်လည်ပုံဖော်မှု၊ DNA စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာမှာ ကမ္ဘာပေါ်ရှိ မည်သည်သတ္တဝါတွေနဲ့မှ မတူညီဘူးလို့ မက္ကဆီကိုရေတပ် ကျန်းမာရေးသိပ္ပံဌာန ညွှန်ကြားရေးမှူး Jose de Jesus က ပြောကြားခဲ့ပါတယ်။ 

သတင်း အရင်းအမြစ်Source - CNA

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T