LOONA
နိုင်ငံတကာပရိတ်သတ်အခိုင်အမာရှိတဲ့ LOONA အဖွဲ့ကိုလည်းပရိတ်သတ်တွေကသပိတ်မှောက်ခဲ့ဖူးပါတယ်။ အဖွဲ့နှင့်ပတ်သက်တဲ့အရာတွေအကုန်လုံးကိုအားပေးတာမျိုးမလုပ်တော့ဘဲ ရပ်နားခဲ့ကြတာပါ။ ဒီလိုလုပ်ရတဲ့အဓိကအကြောင်းရင်းကတော့ ကုမ္မဏီဟာအဖွဲ့ဝင်တွေကိုမမျှမတဆက်ဆံတာ ငွေကြေးခွဲဝေမှုနည်းပါးလွန်းတာအပြင် အဖွဲ့ဝင်တွေရဲ့ကျန်းမာရေးကိုလုံးဝအလေးမထားတာကြောင့်ဖြစ်ပါတယ်။
MAMAMOO
နာမည်ကြီးအဖွဲ့ဖြစ်တဲ့ MAMAMOO အဖွဲ့ရဲ့ဖျော်ဖြေပွဲကိုလည်း ပရိတ်သတ်တွေကသပိတ်မှောက်ပြီးတော့ ပွဲအချိန်ဇယားတွေကိုမပြောင်းရင် ဖျော်ဖြေပွဲကိုမလာဘူးဆိုပြီးလုပ်ခဲ့ကြဖူးပါတယ်။ ဒီလိုလုပ်ရတဲ့အကြောင်းရင်းကတော့ ကုမ္မဏီဟာအဖွဲ့ဝင်တွေကို အနားမယူခိုင်းဘဲ ဖျော်ဖြေပွဲတွေဆက်တိုက်လုပ်ခိုင်းခဲ့တာကြောင့် ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ကုမ္မဏီဖက်ကနေပြီး အချိန်ဇယားတွေကိုပြန်ညှိပေးပြီးတော့ ပရိတ်သတ်တွေကျေနပ်အောင်လုပ်ပေးခဲ့ပါတယ်။
Brave Girls
Brave Girls အဖွဲ့ဟာ ကနေထွက်သွားပြီးနောက်ပိုင်းမှာ Brave Entertainment ကုမ္မဏီကနေပြီးအရင်ကအယ်လ်ဘမ်တွေကို ပြန်ထုတ်ပြီးအမြတ်ငွေရှာဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ပရိတ်သတ်တွေဟာဒီအယ်လ်ဘမ်တွေကိုမဝယ်ဖို့ဆုံးဖြတ်ထားကြတာကြောင့် အယ်လ်ဘမ်အရောင်းစာရင်းဟာ ပထမပတ်မှာ အချပ်ရေတစ်ရာကျော်လေးပဲရောင်းထွက်ခဲ့တာဖြစ်ပါတယ်။