ကြင်နာတတ်တဲ့သူတွေမှာပဲရှိတတ်တဲ့ စိတ်နေစိတ်ထား

//s9.kh1.co/94/943a32d5a905fca97f114afc4d040859909e2d56.jpg
ဗဟုသုတအဖြာဖြာ

 ၁၈-မတ်-၂၀၂၄ ၁၀am · လွန်ခဲ့သော တစ်လ က

ကြင်နာတတ်တဲ့သူတွေမှာပဲရှိတတ်တဲ့ စိတ်နေစိတ်ထား

ကြင်နာတတ်ပြီး လူသားဆန်တတ်တဲ့သူတွေဟာ သူတစ်ပါးကို ကိုယ်ချင်းစာတတ်တဲ့သဘောထားရှိကြပါတယ်။ ကိုယ်ချင်းစာခြင်းကို အပေါ်ယံကနေမဟုတ်ဘဲ အပြင်မှာပါတစ်ကယ်ခံယူပြီး လက်တွေ့လုပ်ကိုင်တတ်ကြသူတွေဖြစ်တာကြောင့် ပတ်ဝန်းကျင်ရဲ့အသိအမှတ်ပြုတာကိုခံရပါတယ်။ သူတို့ဟာသူတို့ရဲ့ကိုယ်ပိုင်အချိန် နေရာ ငွေကြေးအစရှိတာတွေကို လှူဒါန်းဖို့ မျှဝေဖို့တွန့်တိုတာမျိုးမရှိဘဲ လိုနေသူတိုင်းကိုကူညီချင်စိတ်အပြည့်ရှိနေတဲ့သူတွေဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=376,q=100/bd/bdb61c9468c8951409456b6a152bef0d737ae420.jpg

ကြွားဝါခြင်းနှင့်ပလွှားခြင်းတွေကိုသူတို့ဆီမှာလုံးဝတွေ့ရလေ့မရှိသလို သူတို့ကိုယ်ပိုင်အောင်မြင်မှုတွေကိုသိုသိုသိပ်သိပ်ထိန်းသိမ်းတတ်တဲ့သူတွေဖြစ်ပါတယ်။ မိတ်ဆွေတွေအပါအဝင် ဘယ်သူ့ကိုမှအကဲဖြတ်တဲ့စိတ်နေစိတ်ထားနှင့်ကြည့်တာမျိုးမရှိဘဲ ကူညီပေးတတ်ကြပါတယ်။ ဝေဖန်မှုမလုပ်ကြဘဲ  အကြံပေးတာ ပြောပြတာမျိုးပဲလုပ်တတ်ကြတဲ့သူတွေဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=373,q=100/35/357ec8fa5aca225f6989c1d15f17ca90924670f6.jpg

ကျေးဇူးတင်တတ်တဲ့စိတ်ရှိပြီးတော့ သူ့အပေါ်ကျေးဇူးရှိသူကိုလည်း မမေ့မလျော့ပြန်ပေးဆပ်တတ်တဲ့သူဖြစ်ပါတယ်။ တစ်ခြားသူတွေရဲ့ ကြင်နာမှုတွေကိုမှတ်သားထားပြီးတော့ သူတို့ကိုယ်တိုင် အဲ့လိုကြင်နာတတ်တဲ့သူတွေဖြစ်လာအောင်အမြဲကြိုးစားနေတတ်ကြပါတယ်။

https://s9.kh1.co/__image/w=480,h=480,q=100/c1/c15337ea924674ae7e214efd75292abf91a4d5c1.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T