Sensitive ဖြစ်လွန်းတဲ့သူတွေရဲ့ စိတ်နေစိတ်ထား

//s9.kh1.co/28/28b643096e76b225116de48d7dc61594d370cf1c.jpg
ဗဟုသုတအဖြာဖြာ

 ၁၈-မတ်-၂၀၂၄ ၁pm · လွန်ခဲ့သော တစ်လ က

Sensitive ဖြစ်လွန်းတဲ့သူတွေရဲ့ စိတ်နေစိတ်ထား

ထိလွယ်ရှလွယ်ဖြစ်တတ်တဲ့သူတွေဟာ များသောအားဖြင့် စိတ်ပိုင်းဆိုင်ရာမှာခံစားချက်များတတ်ကြပါတယ်။ သူတို့အနေနှင့် အပြင်ပိုင်းမှာပုံမှန်လိုမျိုးနေထိုင်သွားလာတာရှိတတ်ပေမဲ့ စိတ်ပိုင်းဆိုင်ရာအရမှာ တစ်ခြားသာမာန်လူတွေထက် ခံစားလွယ်ပြီးတော့ ခံစားချက်တွေပြင်းထန်တတ်ကြပါတယ်။ ဒါကြောင့် ပတ်ဝန်းကျင်ကသူတွေကို ကိုယ်ချင်းစာပေးတတ်လွန်းပြီး တစ်ခါတစ်ရံမှာခံစားချက်ကြောင့်ပဲ မလုပ်သင့်တာတွေလုပ်မိသွားတတ်ကြပါတယ်။

https://s9.kh1.co/__image/w=564,h=705,q=100/83/83724b4ab80a2e6d090a3ca60c0df8f8e411d408.jpg

အလုပ်ရှုပ်နေတဲ့ ပတ်ဝန်းကျင် ဒါမှမဟုတ် ပင်ပန်းရတဲ့အခြေအနေတွေမှာ ဒီလိုလူတွေဟာ ကြာရှည်တောင့်ခံနိုင်ခြင်းမရှိဘဲ အလွယ်တကူပဲပင်ပန်းတတ်ကြပါတယ်။ သူတို့အနေနှင့် ဆူညံမှုတွေ ပတ်ဝန်းကျင်မှာလှုပ်ရှားနေတာတွေဟာ အတော်လေးကိုစိတ်ပင်ပန်းအောင်ဖြစ်စေတဲ့အရာတွေပါ။ 

https://s9.kh1.co/__image/w=564,h=460,q=100/52/525e2032aa8679e93c728a7ecf289d0f51781ece.jpg

ပတ်ဝန်းကျင်နှင့်ရောထွေးနေရတာထက် ကိုယ့်အတွေးကမ္ဘာမှာ တစ်ယောက်ထဲ ခွဲခြမ်းစိတ်ဖြာနေရတာက ပိုပြီးအဆင်ပြေတတ်ကြပါတယ်။ ကိုယ်ပိုင်အတွေးတွေကို သေချာစုစည်းထားပြီး မကြာခဏပြန်တွေးတောတတ်ကြတဲ့ပုံစံဖြစ်ပါတယ်။ အသေးစိတ်အကြောင်းအရာတွေကို ပိုဦးစားပေးတတ်တဲ့အကျင့်ရှိပြီးတော့ တစ်ခြားလူတွေထက် အသေးစိတ်အကြောင်းအရာတွေကိုပိုအာရုံရောက်တတ်တဲ့သူတွေလည်းဖြစ်ပါတယ်။

https://s9.kh1.co/__image/w=564,h=317,q=100/49/4971e468a7366aba3a736f76b48dbaae64ea3599.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T