မင်းသားကြီးအိုယောင်ဆိုးဟာ ၂၀၂၁ မှာအောင်မြင်မှုအကြီးအကျယ်ရခဲ့တဲ့ Squid Game ဇာတ်ကားကနေပြီး နိုင်ငံတကာအနုပညာလောကမှာနာမည်ရလာခဲ့သူပါ။ အသ်က ၇၉ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့မင်းသားကြီးဟာ အခုချိန်မှာတော့ ၂၀၁၇ တုန်းကလုပ်ခဲ့တဲ့အမှုကြောင့် ထောင်ကျတော့မှာဖြစ်ပါတယ်။
မင်းသားကြီးဟာ ၂၀၁၇ တုန်းက တွဲဖက်မင်းသမီးတစ်ယောက်ကို အလိုမတူဘဲ အတင်းအဓ္ဓမ နမ်းတာ ဖက်တာ မထိတထိတွေပြောတာမျိုးလုပ်ခဲ့တယ်လို့သိရပါတယ်။ ခံရသူမင်းသမီးဟာ ဒီလိင်ပိုင်းနှောင့်ယှက်ခံရမှုကြောင့် အနုပညာလောကကနေပါထွက်သွားခဲ့ရသလို စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေလည်း အများကြီးခံစားခဲ့ရပါတယ်။
ဒီအဖြစ်အပျက်တွေကို မင်းသမီးဖြစ်သူဟာအချိန်အတော်ကြာမေ့ထားခဲ့ပေမဲ့ မင်းသားကြီးအောင်မြင်လာချိန်မှာ မခံမရပ်နိုင်တာကြောင့် တရားစွဲဖို့အမှုတင်ခဲ့တာဖြစ်ပါတယ်။ ပြစမှုထင်ရှားပြီးသွားနောက်မှာတော့ မင်းသားကြီးအိုယောင်ဆိုဟာ ထောင်ဒဏ် ၈ လ စောင့်ကြည့်ကာလတစ်နှစ် အပြင် လိင်ပိုင်းဆိုင်ရာပညာပေးသင်တန်းကိုပါ နာရီလေးဆယ်တက်ရောက်ရမယ်ဆိုပြီး အမိန့်ချခံခဲ့ရပါတယ်။