ကျောင်းတွင်းအကြမ်းဖက်သူအဖြစ် စွပ်စွဲခံနေရတဲ့ Marry My Husband ဒရာမာမှမင်းသမီး ဆောင်းဟယွန်း

//s9.kh1.co/03/037296306d7a8e712ab29a82653f0a281ba99181.jpg
အနုပညာရှင်များ

 ၀၂-ပြီ-၂၀၂၄ ၉am · လွန်ခဲ့သော တစ်လ က

ကျောင်းတွင်းအကြမ်းဖက်သူအဖြစ် စွပ်စွဲခံနေရတဲ့ Marry My Husband ဒရာမာမှမင်းသမီး ဆောင်းဟယွန်း

Marry My Husband ဒရာမာမှာ အဓိကဗီလိန်နေရာကနေပါဝင်ခဲ့ပြီးတော့ နာမည်ကြီးလာခဲ့တဲ့ မင်းသမီး ဆောင်းဟယွန်းဟာ ကျောင်းတွင်းအကြမ်းဖက်မှုလုပ်ခဲ့တယ်ဆိုပြီးစွပ်စွဲခံနေရတာဖြစ်ပါတယ်။ မင်းသမီးဟာ ဒီဒရာမာနှင့်အတော်လေးအောင်မြင်သွားပြီးတော့ ရသစုံရှိုးတွေအများကြီးရိုက်ကူးနေရတာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=975,q=100/d2/d22b0f2691721b986c2cff9d9be25bc81cfb133d.jpg

သူမဟာ အထက်တန်းကျောင်းတတိယနှစ်တက်နေချိန်မှာ ဒုတိယနှစ်တက်နေသူဖြစ်တဲ့ကျောင်းသူတစ်ယောက်ကိုအနိုင်ကျင့်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ နစ်နာသူရဲ့အပြောအရ ဆောင်းဟယွန်းဟာ သူမကိုကစားကွင်းဘေးနားတစ်နေရာမှာ မိနစ်ကိုးဆယ်ကြာအောင် ပါးရိုက်ခဲ့တယ်လို့ဆိုပါတယ်။ ဒီလိုလုပ်ရတဲ့အကြောင်းရင်းကိုလည်း ပြောပြခဲ့ခြင်းမရှိဘဲ အကြောင်းအရင်းမရှိအနိုင်ကျင့်ခဲ့တယ်လို့ပြောထားပါတယ်။

https://s9.kh1.co/__image/w=650,h=975,q=100/c6/c66b2b1972cfc52cfaee26b96dc18a692986d2d5.jpg

ဆောင်းဟယွန်းဖက်ကို အစောပိုင်းဆက်သွယ်ခဲ့ပေမဲ့ အေဂျင်စီကနေပြီး အကြောင်းပြန်ခြင်းမရှိခဲ့ပါဘူး။ ဒါ့အပြင် ဆောင်းဟယွန်းကိုယ်တိုင်ကလည်း ဒီအကြောင်းအရာကို မှတ်မိတာမျိုးမရှိတော့ဘူးလို့ပဲ ဖြေခဲ့တယ်လို့သိရပါတယ်။ လက်ရှိနစ်နာသူဟာ အမေရိကမှာနေထိုင်နေတာဖြစ်ပြီးတော့ ဆောင်းဟယွန်းနှင့်တိုက်ရိုက်တွေ့ဖို့အတွက် ငြင်းဆိုခဲ့တယ်လို့သိရပါတယ်။

https://s9.kh1.co/__image/w=650,h=660,q=100/78/78c64ce944bc57e16cf1f9f30230f398e0061f1d.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T