ဒိတ်တင်းသတင်းထွက်လာတဲ့ Lesserafim အဖွဲ့ဝင် Kazuha နှင့် &team အဖွဲ့ဝင် K

//s9.kh1.co/05/051468898ac4d30df1eb0c9f7b3639ddac07005f.jpg
အနုပညာရှင်များ

 ၀၃-ပြီ-၂၀၂၄ ၁၁am · လွန်ခဲ့သော တစ်လ က

ဒိတ်တင်းသတင်းထွက်လာတဲ့ Lesserafim အဖွဲ့ဝင် Kazuha နှင့် &team အဖွဲ့ဝင် K

ဂျပန်မီဒီယာတစ်ခုရဲ့ဖော်ပြချက်အရ Lesserafim အဖွဲ့ဝင် Kazuha ဟာ အိုင်ဒေါတစ်ယောက်နှင့်အတူဒိတ်နေကြောင်းသတင်းတွေပေါ်ထွက်လာခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ ဂျပန်နိုင်ငံကနာမည်ကြီးစားသောက်ဆိုင်တစ်ခုမှာ အတူစားသောက်ကြတဲ့အပြင် ဒိတ်နေကြတာ အတော်လေးကြာနေပြီဖြစ်ကြောင်း သတင်းဌာနဖက်ကနေဖော်ပြခဲ့ပါတယ်။ 

https://s9.kh1.co/__image/w=650,h=975,q=100/e1/e1dd8cab27c51e957eef1e98c69942067fdaa87c.webp

တစ်ဖက်အိုင်ဒေါကတော့ Lesserafim အဖွဲ့နှင့်ကုမ္မဏီတူဖြစ်တဲ့ &team အဖွဲ့ဝင် K  ဖြစ်ပါတယ်။ K နှင့် kazuha တို့ဟာ နှစ်ယောက်လုံးဂျပန်လူမျိုးတွေဖြစ်ကြပြီးတော့ လက်ရှိအချိန် အောင်မြင်တဲ့အိုင်ဒေါအဖွဲ့တွေဖြစ်နေတာကြောင့် ဒီသတင်းဟာ ပရိတ်သတ်တွေကိုထိတ်လန့်စေခဲ့ပါတယ်။ Hybe ဖက်ကနေတော့ နှစ်ယောက်သားဟာ သူငယ်ချင်းတွေသာဖြစ်ပြီးတော့ ချစ်သူတွေမဟုတ်ကြောင်း ဖြေရှင်းချက်ထုတ်ထားပါတယ်။ 

https://s9.kh1.co/__image/w=564,h=752,q=100/fb/fba6aec3d9fda9e1fae61a68b240237624ef538d.jpg

ဒါပေမဲ့ ဂျပန်မီဒီယာဖက်ကနေပြီး သူတို့နှစ်ယောက်ဟာ ၂၀၂၂ ကတည်းကတွဲနေကြတာဖြစ်ပြီး ကုမ္မဏီရဲ့သတိပေးမှုကြောင့် လမ်းခွဲလိုက်ပေမဲ့ အခုနောက်ပိုင်းမှာ ပြန်တွဲနေကြတာဖြစ်ကြောင်း ပြောထားပါတယ်။ နှစ်ယောက်သားဟာ ဒီစားသောက်ဆိုင်အပြင် တစ်ခြားနေရာတွေမှာပါ ဒိတ်လုပ်ခဲ့ကြတယ်လို့ပြောထားပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T