တစ်ယောက်ထဲ ပျော်ပျော်ရွှင်ရွှင်လုပ်နိုင်မယ့် ဒိတ်အိုင်ဒီယာများ

//s9.kh1.co/6e/6eadc0cd16b0fafc08dadea6978443337fd97135.jpg
ဗဟုသုတအဖြာဖြာ

 ၁၃-ပြီ-၂၀၂၄ ၂pm · လွန်ခဲ့သော ၁၆ ရက် က

တစ်ယောက်ထဲ ပျော်ပျော်ရွှင်ရွှင်လုပ်နိုင်မယ့် ဒိတ်အိုင်ဒီယာများ

ဒိတ်လုပ်ခြင်းဟာ ပုံမှန်အားဖြင့် လူနှစ်ယောက်ရှိဖို့လိုအပ်ပေမဲ့ တစ်ယောက်တည်းလည်း ပျော်ပျော်ရွှင်ရွှင်ဒိတ်လုပ်နိုင်ပါတယ်။ ဒီလိုလုပ်ခြင်းဟာ ကိုယ့်ကိုယ်ကိုယ်ပိုချစ်တတ်လာစေပြီးတော့ တစ်ခြားကောင်းမွန်တဲ့အကျိုးသက်ရောက်မှုတွေလည်းအများကြီးဖြစ်စေပါတယ်။ တစ်ယောက်တည်း ဒိတ်အတွက် အကောင်းဆုံးအိုင်ဒီယာတစ်ခုကတော့ ပြတိုက်နှင့် ပြခန်းလိုမျိုးနေရာတွေကိုသွားခြင်းဖြစ်ပါတယ်။ ဒီလိုနေရာတွေဟာ တိတ်ဆိတ်တဲ့အပြင် တစ်ယောက်တည်းသွားဖို့အတွက် တစ်ကယ်ကိုအဆင်ပြေတဲ့နေရာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=564,h=752,q=100/75/757d8391a3838d987815b909f999873c102324ec.jpg

အရင်ကမတက်ဖူးတဲ့ အတန်းတစ်ခုခုကိုစာရင်းသွင်းပြီး တက်လိုက်တာကလည်း တစ်ယောက်တည်းဒိတ်အတွက် အဆင်ပြေတဲ့အိုင်ဒီယာတစ်ခုပါ။ ယောဂသင်တာ ဒါမှမဟုတ် ဟင်းချက်သင်တာမျိုးဟာ စိတ်အပန်းပြေစေတဲ့အပြင် ခန္တာကိုယ်ကိုလည်း ကောင်းမွန်တဲ့သက်ရောက်မှုတွေဖြစ်စေနိုင်ပါတယ်။ ကိုယ်မသိတဲ့လူတွေရှိနေတဲ့ ဖျော်ဖြေပွဲတစ်ခုကိုသွားတာမျိုးအပြင် ရှိုးပွဲတွေကြည့်တာမျိုးကလည်း Solo Date အတွက် အဆင်ပြေတဲ့ အိုင်ဒီယာပါ။ 

https://s9.kh1.co/__image/w=564,h=752,q=100/42/42e9aede51ec1b7d58a71394a77ec4bced9c9649.jpg

မိတ်ကပ်အသစ်တစ်ခုကို ကိုယ်တိုင်ကြိုးစားပြင်ကြည့်တာမျိုးအပြင် မဝတ်ဖူးသေးတဲ့ဖက်ရှင်တွေကို ဆိုင်တွေမှာသွားပြီး စမ်းကြည့်တာမျိုးကလည်း ပျော်စရာကောင်းပြီး ကိုယ့်ကိုယ်ကိုယ်ပိုနားလည်လာစေတဲ့ ဒိတ်ဖြစ်ပါတယ်။ စာကြည့်တိုက်လိုမျိုးသွားပြီး တစ်ယောက်တည်းစာအုပ်ဖတ်တာ စာသွားရေးတာမျိုးလုပ်တာကလည်း အဆင်ပြေပြီး အေးချမ်းတဲ့ဒိတ်အိုင်ဒီယာပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=564,h=705,q=100/57/579ae38dfc912be1f070f27eb705ddfc014640dc.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T