မထင်မှတ်ထားလောက်အောင် ရောင်းမထွက်ခဲ့တဲ့ J Hope ရဲ့ အယ်လ်ဘမ်အသစ်

//s9.kh1.co/b7/b7784fb4befcaf1e14d3e1d283fd48734194eade.jpg
အနုပညာရှင်များ

 ၀၅-ပြီ-၂၀၂၄ ၁၀am · လွန်ခဲ့သော တစ်လ က

မထင်မှတ်ထားလောက်အောင် ရောင်းမထွက်ခဲ့တဲ့ J Hope ရဲ့ အယ်လ်ဘမ်အသစ်

BTS ရဲ့နာမည်ကြီးအဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ J Hope ရဲ့အသစ်ထွက်ရှိလာတဲ့အယ်လ်ဘမ်အသစ် Hope On The Street  ရဲ့ အရောင်းစာရင်းဟာ ပရိတ်သတ်တွေကို ထိတ်လန့်စေခဲ့ပါတယ်။ လက်ရှိအချိန် နာမည်အကြီးဆုံးအဖွဲ့ဖြစ်တဲ့ BTS  ရဲ့အဖွဲ့ဝင်ဖြစ်ပေမဲ့ အယ်လ်ဘမ်အရောင်းစာရင်းဟာ အတော်လေးကိုနည်းပါးနေတာပါ။ ကြိုတင်မှာယူမှုဇယားတွေကိုကြည့်လိုက်တဲ့အခါမှာတော့ ၄၆၇၀၀၀ ပဲရှိနေပြီး အရင်အယ်လ်ဘမ်ထက်စာရင် မှာယူမှု ၇၀၀၀၀ ကျော်တောင်လျော့နည်းသွားတာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=386,q=100/45/451741fef503b78041ae47244e569610ca7d7328.webp

ကြိုတင်မှာယူမှုငါးရက်မြောက်နေ့မှာဆိုရင် လေးရာကျော်ပဲရှိခဲ့တာကြောင့် အရင်အယ်လ်ဘမ်တွေနှင့်ယှဥ်ရင် အတော်လေးနည်းပါးနေတာသိသာနေပါတယ်။ ကမ္ဘာ့အင်အားအတောင့်ဆုံးပရိတ်သတ်ကလပ်ကိုပိုင်ဆိုင်ထားတဲ့ BTS အဖွဲ့ဝင်တစ်ယောက်အနေနှင့် အခုလိုနည်းပါးတဲ့အယ်လ်ဘမ်အရောင်းစာရင်းဟာ အံ့ဩစရာကောင်းနေပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/36/365486d0cb903b236f535ab46132d76ff78b9fbe.webp

ဒါပေမဲ့ ဒီနည်းပါးမှုဟာ ပရိတ်သတ်တွေက တစ်မင်လုပ်ဆောင်ထားတဲ့အရာလည်းဖြစ်ပါတယ်။Hybe  ဟာ လက်ရှိဖြစ်ပွားနေတဲ့ အစ္စရေး ပါလက်စတိုင်းကိစ္စမှာ ကုမ္မဏီကိုတောင်းဆိုမှုတွေလုပ်ခဲ့ပေမဲ့ ကုမ္မဏီဖက်ကနေ မလုပ်ပေးတာကြောင့် အခုလိုမျိုး Boycott လုပ်ဖို့ရွေးချယ်ခဲ့ကြတာလို့သိရပါတယ်။  J Hope ရဲ့ အခုအယ်လ်ဘမ်အပြင် တစ်ခြားအဖွဲ့တွေရဲ့ အယ်လ်ဘမ်တွေပါ မကြာခင်ထွက်လာမှာဖြစ်တာကြောင့်  Boycott လုပ်မှုဟာဘယ်လောက်အထိဆက်သွားမလဲဆိုတာကို စောင့်ကြည့်နေရမှာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=563,h=995,q=100/16/1684eca06600f827af6943393439bad7c00748c3.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T