စိတ်ပိုင်းဆိုင်ရာလုံခြုံမှုအပြည့်ရှိတဲ့ဆက်ဆံရေး

//s9.kh1.co/ab/ab04c612a7994ce3491579eb93dccaae41b5d799.jpg
ဗဟုသုတအဖြာဖြာ

 ၁၅-ပြီ-၂၀၂၄ ၁၀am · လွန်ခဲ့သော ၁၅ ရက် က

စိတ်ပိုင်းဆိုင်ရာလုံခြုံမှုအပြည့်ရှိတဲ့ဆက်ဆံရေး

ဆက်ဆံရေးတစ်ခုမှာအရေးကြီးဆုံးဟာ စိတ်ပိုင်းဆိုင်ရာလုံခြုံစိတ်ချမှုရှိဖို့ဖြစ်ပါတယ်။ လူတွေဟာ ဆက်ဆံရေးစတင်တဲ့အခါ ဒီလိုအရေးကြီးဆုံးအချက်ကိုမေ့လျော့တတ်ကြပါတယ်။ ဒါကြောင့် ဒီလိုဆက်ဆံရေးတစ်ခုဖြစ်လာအောင် ဘာတွေလိုအပ်လဲဆိုတာကို ဖော်ပြပေးသွားပါမယ်။ 

https://s9.kh1.co/__image/w=564,h=672,q=100/d4/d4d918f247a827fc91744da11896ac25fd7036b1.jpg

ဒီလိုဆက်ဆံရေးတွေဟာ တစ်ယောက်ကိုတစ်ယောက်အားပေးတတ်ကြပြီးတော့ လှောင်ပိတ်ထားတာမျိုးမလုပ်ကြပါဘူး။ အတူတူကြီးပြင်းလာဖို့ကူညီပေးပြီးတော့ အချင်းချင်းလေးစားမှုရှိကြပါတယ်။ ဆက်ဆံရေးကိုအကြောင်းပြပြီးစည်းကျော်တာမျိုးမလုပ်တတ်ကြသလို မတူညီမှုတွေကိုလည်း နားလည်ပေးပြီးအချင်းချင်းလက်ခံပေးတတ်ကြပါတယ်။ 

https://s9.kh1.co/__image/w=564,h=846,q=100/0f/0fd4eedd24bc9f9f51707601687776aa09922e61.jpg

ဆက်ဆံရေးတစ်ခုတည်ဆောက်ထားပေမဲ့ အချင်းချင်းကျေးဇူးတင်စိတ်ကိုအမြဲဖော်ပြကြပြီးတော့ တစ်ယောက်ကိုတစ်ယောက်တန်ဖိုးထားကြပါတယ်။ ပြဿနာတစ်ခုကြုံလာရရင် တစ်ဖက်လူကိုပဲ အပြစ်ပုံချတာမျိုးမလုပ်ဘဲ အတူတူတိုင်ပင်ပြီးအဖြေရှာကြလေ့ရှိပါတယ်။ အဆိုးဝါးဆုံးအခြေအနေတွေမှာတောင်မှ တစ်ဖက်လူကိုအပြစ်ပြောဖို့မတွေးဘဲ တိုင်တိုင်ပင်ပင်ရှိတတ်ကြတဲ့ဆက်ဆံရေးဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=679,q=100/04/04420819c2e146d90ac630f4b48425f4a4079365.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T