အချိန်တွေကို အလဿဟကုန်ဆုံးစေနိုင်တဲ့အလေ့အကျင့်များ

//s9.kh1.co/09/09039b62068eec3b5b5199368d578403ef9eef3c.jpg
ဗဟုသုတအဖြာဖြာ

 ၁၈-ပြီ-၂၀၂၄ ၁၁am · လွန်ခဲ့သော ၁၃ ရက် က

အချိန်တွေကို အလဿဟကုန်ဆုံးစေနိုင်တဲ့အလေ့အကျင့်များ

အချိန်ဟာ တန်ဖိုးအရှိဆုံးအရာတစ်ခုဖြစ်ပါတယ်။ ဒီလိုတန်ဖိုးရှိတဲ့အချိန်တွေကို အလဿဟကုန်ဆုံးသွားစေနိုင်တဲ့ အလေ့အကျင့်တွေကတော့ လူတိုင်းကိုမလုပ်နိုင်တဲ့အရာတွေ ကတိပေးခြင်းဖြစ်ပါတယ်။ ငြင်းပယ်ဖို့အားနာတာကြောင့် လက်ခံလိုက်မိခြင်းဟာ ကိုယ့်ရဲ့အချိန်တွေကို အများကြီးကုန်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်မတတ်နိုင်တဲ့အရာတွေကို ကြိုတင်ငြင်းပယ်တတ်ခြင်းကလည်း အချိန်မဖြုန်းမိအောင်ကူညီပေးနိုင်တဲ့အလေ့အကျင့်ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=420,h=555,q=100/86/867b13988b5705a90adde5958f50553a7987b039.jpg

တစ်ခုခုကိုစတင်မလုပ်ရသေးဘဲ စိုးရိမ်ပူပန်နေခြင်းကလည်း အချိန်တွေကို ဒီအတိုင်းကုန်ဆုံးသွားစေနိုင်ပါတယ်။  ပြည့်စုံမှုကို အလွန်အကျွံမျှော်လင့်နေတာကလည်း အချိန်ကုန်ဆုံးစေတဲ့အချက်တစ်ခုဖြစ်ပါတယ်။ ဘယ်အရာမဆို တစ်ရာရာခိုင်နှုန်းပြည့်စုံသွားဖို့ဆိုတာ ခက်ခဲတတ်တာကြောင့် ပြည့်စုံမှုကိုစောင့်နေရင်းအချိန်တွေကုန်စေတာမကောင်းပါဘူး။ 

https://s9.kh1.co/__image/w=520,h=523,q=100/4e/4e7d29113cd936cb31ae47ae541ae5f5b6f453f9.jpg

အလုပ်တစ်ခုကိုအာရုံစူးစိုက်ခြင်းမရှိဘဲ တစ်ပြိုင်တည်း သုံးလေးခုလုပ်ကိုင်နေတာကလည်းအာရုံလွင့်စေပြီိး မကောင်းတဲ့သက်ရောက်မှုတွေကိုပဲ ဖြစ်စေမှာဖြစ်ပါတယ်။ Multitasking လုပ်ခြင်းဟာ တစ်ခါတစ်လေအကျိုးရှိပေမဲ့ ပုံမှန်အားဖြင့်  အချိန်ကိုအလဿဟကုန်ဆုံးသွားစေနိုင်တဲ့ အလေ့အကျင့်လည်းဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=376,q=100/30/301fc9f859bcdba811a301d4534d57fb45b03e88.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T