သက်တံ့ရောင်ကိုအသုံးပြုပြီးဆိုးထားတဲ့ Nail Art များ

//s9.kh1.co/f0/f06cbab37217f4ce0ba061d109beb5738660d2ed.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၂၃-ပြီ-၂၀၂၄ ၂pm · လွန်ခဲ့သော ၁၁ ရက် က

သက်တံ့ရောင်ကိုအသုံးပြုပြီးဆိုးထားတဲ့ Nail Art များ

https://s9.kh1.co/__image/w=564,h=557,q=100/25/2518e6120bf33a4c8244b78464c4251b2f71ad17.jpg

တောက်ပြောင်တဲ့အရောင်တွေနှင့်ငွေမှုန်လိုမျိုးပါတဲ့ လက်သည်းဆိုးဆေးတွေကိုအောက်ခံဆိုးပြီး အပေါ်ကနေ သက်တံ့ပုံကိုဆွဲထားခြင်းဟာ မလိုက်ဖက်ဘူးလို့ထင်ရပေမဲ့ ဆန်းသစ်တဲ့ဒီဇိုင်းဖြစ်ပါတယ်။

https://s9.kh1.co/__image/w=529,h=705,q=100/72/72aae1417a6c9aa36ed1913eb52ea1cd97bbe7e8.jpg

သက်တံ့အပိုင်းကို လက်သည်းတစ်ခုလုံးမှာမဆိုးဘဲ ထိပ်ဖျားလေးမှာပဲဆိုးလိုက်တဲ့ ဒီပုံစံဟာအတော်လေးလှပြီးတော့ လက်ကိုပိုလှသွားစေပါတယ်။ လက်သည်းအရှည်ရှိဖို့မလိုအပ်ဘဲ လက်သည်းအတိုမှာပါ ဒီပုံစံဟာလိုက်ဖက်ညီနေပါတယ်။ 

https://s9.kh1.co/__image/w=564,h=564,q=100/4c/4c886ab42b785eb949c00c72c085d531ffce82fe.jpg

အဆိုးများကြတဲ့ ဒီပုံစံကတော့ အဖြူရောင်နှင့်သက်တံ့ရောင်တွေကိုအဆင်ပြေသလိုတွဲစပ်ထားတာဖြစ်ပါတယ်။ လက်သည်းငါးခုကိုကြိုက်တဲ့ပုံစံနှင့်အရောင်ခြယ်နိုင်ပါတယ်။

https://s9.kh1.co/__image/w=564,h=564,q=100/71/71f024b71ea49cfa6179dad901365d84005b58c8.jpg

သက်တံ့ကိုအရောင်နုတွေနှင့်မတွဲဘဲ အနက်ရောင်နှင့်အောက်ခံအဖြစ်ဆိုးလိုက်တာကလည်း တမူထူးခြားတဲ့ပုံစံကိုဖြစ်စေပါတယ်။ မလိုက်ဖက်လောက်ဘူးလို့ထင်ရပေမဲ့ အနက်ရောင်အောက်ခံကြောင့် သက်တံ့ရောင်တွေ ပိုပြီးထင်ပေါ်လာစေပါတယ်။ 

https://s9.kh1.co/__image/w=564,h=559,q=100/2b/2b1d3a6ec29d5144b973a4638a3bd9fa99e6a555.jpg

သက်တံ့ကိုပဲ မြင်နေကျအလျားလိုက်လိုမဆိုးဘဲ ဒေါင်လိုက်ဆိုးပြီးလှိုင်းတွန့်ပုံပေါ်အောင်လုပ်တာကလည်း အမြင်ဆန်းတဲ့ဒီဇိုင်းဖြစ်ပါတယ်။ အထူးသဖြင့် လက်သည်းရှည်တွေမှာဆိုရင် လှိုင်းပုံပိုပေါ်ပြီးတော့ ပိုပြီးအသစ်အဆန်းဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=564,q=100/74/747f91bceff989acc2b88cd7a2f7d3ff19283ba5.jpg

သက်တံ့ကိုမှ လက်သည်းပေါ်အပြည့်မဆိုးဘဲ အခုလိုမျိုးပုံဖော်ဆိုးတာလေးကလည်း ချစ်စရာကောင်းတဲ့ဒီဇိုင်းဖြစ်ပါတယ်။ ဆိုးတဲ့သူရဲ့ အကြိုက်ပေါ်မူတည်ပြီးတော့ ပုံဖော်ရမယ့်ပုံစံတွေကို စိတ်ကြိုက်ပြောင်းလဲနိုင်ပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T