ကမ္ဘာပေါ်က အကြီးဆုံး ကင်းကဏန်းမျိုးစိတ်

//s9.kh1.co/c0/c0b88820a5252c703a4c68a6d1fed0f0d8e243be.jpg
MPT

 ၂၆-ပြီ-၂၀၂၄ ၁pm · လွန်ခဲ့သော ၁၃ ရက် က

ကမ္ဘာပေါ်က အကြီးဆုံး ကင်းကဏန်းမျိုးစိတ်

ကဏန်းနီလို့ ခေါ်တဲ့ Paralithodes camtschaticus ကဏန်းကတော့ ကမ္ဘာပေါ်က အကြီးဆုံး ကဏန်းမျိုးစိတ်ပဲ ဖြစ်ပါတယ်။ မြောက်ပစိဖိတ်သမုဒ္ဒရာနဲ့ ကပ်လျက်ပင်လယ်တို့ရဲ့ အေးသောရေပြင်ပိုင်းမှာ ဇာတိဖြစ်ပြီး ဘာရင်းပင်လယ် ၊ Kamchatka ကျွန်းဆွယ် ၊ Okhotsk ပင်လယ် နဲ့ ဂျပန်ပင်လယ်တို့မှာ တွေ့ရပါတယ်။ Red king crab တွေဟာ အေးတဲ့ ပင်လယ်ပြင်တွေကို နှစ်သက်ကြပြီး စီးပွားဖြစ် ရောင်းချတဲ့ ကဏန်းမျိုးစိတ်ဖြစ်ပြီး ကဏန်းမျိုးစိတ်တွေထဲမှာ ဈေးအကြီးဆုံးလည်း ဖြစ်ပါတယ်။ ကဏန်းနီ အကောင်ပေါက်တွေကတော့ ‌အစာရေစာ ပေါများတဲ့ ရေတိမ်ပိုင်းတွေမှာ နေထိုင်ကြပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/c7/c77efce466147a1e2777627c115a553c1a06123b.jpg

အရွယ်ရောက်ပြီးတဲ့ ကဏန်းနီတွေကတော့ လူသူကင်းတဲ့ ပင်လယ်ရေအောက်ကြမ်းပြင်တွေမှာ နေထိုင်လေ့ရှိပြီး ဖမ်းရခက်တဲ့ ကဏန်းမျိုးစိတ်ပဲ ဖြစ်ပါတယ်။ ဆောင်းရာသီ သို့မဟုတ် နွေဦးအစောပိုင်းမှာ မိတ်လိုက်ရာသီဖြစ်တာကြောင့် ရေတိမ်ပိုင်းမှာ တွေ့ရလေ့ရှိပြီး Red king crab တို့ရဲ့ ဘဝအချိန် တော်တော်များများကတော့ ရေအောက် သဲ ၊ ရွံ့ နဲ့ ကျောက်ဆောင်တွေကြား ပုန်းကွယ် နေကြပါတယ်။ အရွယ်ရောက်ပြီးတဲ့ Red king crab တစ်ကောင်ရဲ့ ကိုယ်အရှည်မှာ ၂၈ စင်တီမီတာ ( ၁၁ လက်မ ) ဝန်းကျင်ရှ်ိပြီး အလေးချိန်မှာ ၁၂.၇ ကီလိုဂရမ် ( ၂၈ ပေါင် ) ရှိတာကြောင့် တော်တော်ကို ကြီးတဲ့ ကဏန်းမျိုးစိတ်လေးပဲ ဖြစ်ပါတယ်။ ပရိုတင်းဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့ ကဏန်းနီတွေဟာ ‌ငါးဖမ်းသမားတို့ရဲ့ ပစ်မှတ်တစ်ခု ဖြစ်လာခဲ့ပြီး ဖမ်းဆီးသတ်ဖြတ်မှု များစွာ ခံခဲ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/4f/4f980635046d99fa63db17d6d6b6720c79787c33.jpg

ပျမ်းမျှအားဖြင့် နှစ် ၂၀ မှ ၃၀ ကြား ရှင်သန်နိုင်ကြပြီး သူတို့ရဲ့ ရှည်လျားတဲ့ လက်တံဟာ အများဆုံး ၅ ပေ ထိ ရှိတယ်လို့ ဆိုပါတယ်။ ရေညှိ ၊ ပိုးကောင်ငယ်များ ၊ ဂုံးများ ၊ ပက်ကျိများ ၊ ကဏန်းငယ်များ ၊ ငါးများ အပါအဝင် အခြား ရေနေသတ္တဝါငယ်တွေကိုလည်း စားသုံးလေ့ရှိပါတယ်။ ကင်းကဏန်းကြီးလို့ ခေါ်ကြပြီး တစ်ကောင်ကို အ‌ကောင်အရွယ်အစားပေါ် မူတည်ပြီး ဒေါ်လာ ၁၀၀ မှ စ တန်ကြေးရှိပါတယ်။ ပင်လယ်ရေ မျက်နှာပြင် ပူနွေးမှု ၊ ရေထုညစ်ညမ်းမှု ၊ လူတွေရဲ့ စည်းကမ်းမဲ့ ဖမ်းဆီးမှုတွေကြောင့် Red king crab များစွာ သေဆုံးခဲ့ရပြီး အကောင်အရေအတွက် သိသိသာသာ လျော့ကျလာတာကို တွေ့ရပါတယ်။ အကောင်အရေအတွက် တိတိကျကျ မသိပေမယ့် စနစ်တကျ ပြန်လည်မွေးမြူရမယ့် ‌တန်ဖိုးကြီး ကဏန်းမျိုးစိတ်လေးပဲ ဖြစ်ပါတယ်။

yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T