အချစ်ခံရတဲ့လူတစ်ယောက်ဖြစ်စေဖို့

//s9.kh1.co/65/65058ae0012631d8c32f587d6c33a7ebd95ae0ce.jpg
MPT Lifestyle

 ၀၇-မေ-၂၀၂၄ ၁၂pm · လွန်ခဲ့သော ၁၃ ရက် က

အချစ်ခံရတဲ့လူတစ်ယောက်ဖြစ်စေဖို့

အချစ်ခံရတဲ့လူတစ်ယောက်ဖြစ်ဖို့ဆိုရင် အရင်ဆုံးကိုယ့်ကိုယ်ကိုယ်ချစ်တတ်ဖို့လိုအပ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ချစ်တတ်တဲ့လူတွေကသာ တစ်ခြားလူတွေချစ်ဖို့အဆင်ပြေတာဖြစ်ပါတယ်။ ကိုယ့်အကြောင်းနှင့်ခံစားချက်တွေကို ဂရုစိုက်ပေးပြီးတော့ ပတ်ဝန်းကျင်ကိုဂရုစိုက်တာထက် ပိုပြီး ကိုယ့်ကိုယ်ကိုယ်အလေးပေးတတ်ရပါမယ်။ လုပ်ဆောင်မှုတွေ အောင်မြင်မှုတွေကိုအသိအမှတ်ပြုပြီးတော့ ကိုယ့်ဘဝကိုအလေးအနက်ထားတန်ဖိုးထားတတ်တဲ့သူဖြစ်ဖို့လိုအပ်ပါတယ်။

https://s9.kh1.co/__image/w=650,h=912,q=100/c4/c4aa3a9dd75e9cb0e0c3c3e201587f9da0c2270e.jpg

ဒါ့အပြင် အချစ်ခံတတ်ဖို့အတွက် ချစ်ပေးတတ်တဲ့သူဖြစ်ဖို့လည်းလိုအပ်ပါတယ်။ ချစ်ပေးတယ်ဆိုတာကို တစ်ဖက်လူကိုအတင်းအကြပ်ထိန်းချုပ်တာလိုမျိုးလုပ်ရပ်တွေနှင့် အဓိပ္ပါယ်မဖွင့်ဘဲ မှန်ကန်တဲ့နည်းလမ်းနှင့်ချစ်ပေးတတ်ဖို့လိုအပ်ပါတယ်။ အားနည်းချက် အားသာချက်တွေကို အပြည့်အဝလက်ခံပေးပြီးတော့ ချစ်ပေးဖို့လည်းလိုအပ်ပါတယ်။

https://s9.kh1.co/__image/w=564,h=564,q=100/5f/5f17cffb2f7eaf3090e4d67bb212bd682e0a38cc.jpg

နောက်ဆုံးအနေနှင့် အချစ်ခံရဖို့ဟာ ကိုယ်တိုင်က ရင့်ကျက်တဲ့စိတ်နေစိတ်ထားရှိနေဖို့လည်းလိုအပ်ပါတယ်။ တစ်ဖက်လူတွေရဲ့ အချစ်ကိုဖော်ပြပုံကိုလက်ခံနားလည်ပြီးတော့ မှန်ကန်တဲ့တုံ့ပြန်မှုတွေပေးနိုင်အောင်လုပ်ဖို့လိုအပ်ပါတယ်။ ဒါ့အပြင် အချစ်ခံရခြင်းဟာ ကိုယ့်စိတ်ခံစားချက်နှင့်သက်ဆိုင်တာကြောင့် တစ်ယောက်တည်းရပ်တည်နိုင်နေတဲ့စိတ်ဓာတ်ရှိဖို့လည်းလိုအပ်ပါတယ်။

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T