တူပုံစံ ဦးခေါင်းနဲ့ အာဖရိက က ကြောက်စရာလင်းနို့မျိုးစိတ်

//s9.kh1.co/a2/a2a442617c3adc2ab31e7d8146992a687f3a011f.jpg
MPT

 ၀၇-မေ-၂၀၂၄ ၄pm · လွန်ခဲ့သော ၁၂ ရက် က

တူပုံစံ ဦးခေါင်းနဲ့ အာဖရိက က ကြောက်စရာလင်းနို့မျိုးစိတ်

Hammer headed bat လို့ခေါ်တဲ့ လင်းနို့ကတော့ သိပ္ပံနာမည် Hypsignathus monstrosus လို့ခေါ်ပြီး ထူးခြားတဲ့ ဦးခေါင်းပုံကြောင့် တူခေါင်းပုံလင်းနို့ လို့လည်း ခေါ်ကြပါတယ်။ Hypsignathus မျိုးစိတ်က ဆင်းသက်လာတဲ့ တစ်ခုတည်းသော ကျန်တဲ့ လင်းနို့မျိုးစိတ် တစ်မျိုးဖြစ်ပြီး အာဖရိက အနောက်ပိုင်း နဲ့ အလယ်ပိုင်းတို့မှာ ကျယ်ပြန့်စွာ တွေ့ရပါတယ်။ အာဖရိက က အကြီးဆုံး လင်းနို့မျိုးစိတ် ဖြစ်ပြီး အထီး နဲ့အမ ပုံသဏ္ဍာန် ကွာခြားတဲ့ လိင်ပိုင်းဆိုင်ရာအမိုက်ဆုံး လင်းနို့တစ်မျိုးလည်း ဖြစ်ပါတယ်။ Hammer headed bat အထီးတွေဟာ အမတွေထက် ၃ ဆကြီးတဲ့ အသံကြိုးတွေကို ပိုင်ဆိုင်ကြပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/ea/eac1a6e3d549a2a797af3a7479f114bf852bc505.jpg

ဒါအပြင် လင်းနို့အထီးတွေဟာ သူ့ရဲ့ခန္ဓာကိုယ်ထက် ပိုကြီးမားတဲ့ တူပုံစံ ဦးခေါင်းကြီး နဲ့ ပန်းပွင့်ပုံစံ အရှုံ့အတွအပွင့်တွေနဲ့ ဖွဲ့စည်းထားပြီး အမတွေကတော့ အထီးတွေလောက် ဦးခေါင်း မကြီးကြပါဘူး။ အများအားဖြင့် မီးခိုးရောင် ၊ အနက်ရောင် ၊ အညိုရောင် တို့ ရှိတတ်ပြီး ကျောရိုးရှိသတ္တဝါငယ်တွေကို အဓိက စားတဲ့ အသားစား လင်းနို့မျိုးစိတ်ပဲ ဖြစ်ပါတယ်။ သင်္ဘောသဖန်းသီး ၊ သရက်သီး ၊ ငှက်ပျောသီးလို အသီးအနှံတွေကိုလည်း စားလေ့ရှိတဲ့ Hammer headed bat တွေဟာ နေ့ဘက်မှာ သစ်ပင် ၊ သစ်ကိုင်းတွေမှာ အိပ်လေ့ ရှိပြီး ညဘက်မှသာ အစာရှာထွက်ကြပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/2e/2ec9f4c14d827d9c9b5f037b68a04c155cf42ab3.jpg

တစ်နှစ်မှာ မိတ်လိုက်ရာသီ နှစ်ကြိမ်ရှိပြီး ထူးထူးခြားခြား lek mating ရှိတဲ့ တစ်ခုတည်းသော လင်းနို့မျိုးစိတ်လည်း ဖြစ်ပါတယ်။ အစုလိုက် ၊ အဖွဲ့လိုက် နေထိုင်တတ်ကြပြီး ၁ မီတာ ( ၃ ပေ ) ရှိတဲ့ အတောင်ပံကြီးတွေနဲ့ ဖွဲ့စည်းထားတဲ့ Hammer headed လင်းနို့တွေဟာ စူးရှတောက်ပ ကောင်းမွန်တဲ့ ‌မျက်လုံးတွေကို ပိုင်ဆိုင်ကြပါတယ်။ ကျွမ်းကျင် အပြေးသမားလို့တောင် ခေါ်လို့ရတဲ့ ဒီလင်းနို့တွေကို အိပ်နေချိန်မှ လွဲ ကျန်တဲ့အချိန်တွေမှာ ဖမ်းဆီးမိဖို့ အတော်ကို ခက်ခဲတဲ့ လင်းနို့မျိုးစိတ်ပဲ ဖြစ်ပါတယ်။ ထူးခြားပြီး ကြောက်စရာကောင်းတဲ့ မျက်နှာကို ပိုင်ဆိုင်ထားတဲ့ Hammer headed bat တွေကို သစ်တောရိုင်းတွင်းမှာ ကျယ်ပြန့်စွာ ‌‌တွေရနိုင်ပြီး ဖမ်း‌ဆီးဖို့ ခက်ခဲတာကြောင့် မျိုးသုန်းပျောက်ကွယ်မယ့် အန္တာရာယ်တော့ မရှိကြသေးပါဘူး။ 

yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T