အင်ဒို-ပစိဖိတ်ဒေသက ထူးထူးခြားခြား ရောင်စုံခရစ်စမတ်သစ်ပင်သန်ကောင်လေးများ

//s9.kh1.co/ee/ee06ac0509a377e8d9cf6152c5d4acc1201b4571.jpg
MPT

 ၀၇-မေ-၂၀၂၄ ၉pm · လွန်ခဲ့သော ၁၂ ရက် က

အင်ဒို-ပစိဖိတ်ဒေသက ထူးထူးခြားခြား ရောင်စုံခရစ်စမတ်သစ်ပင်သန်ကောင်လေးများ

ခရစ်စမတ်သစ်ပင်သန်ကောင် ( Christmas Tree Worms ) ကတော့ သိပ္ပံနာမည် Spirobranchus giganteus လို့ခေါ်ပြီး ရောင်စုံခရစ်စမတ် သစ်ပင်ပုံ အစုလိုက်အဖွဲ့လိုက် အကောင်လေးတွေကြောင့် လူသိများပါတယ်။ Serpulidae မျိုးစုက ဆင်းသက်လာတဲ့ ခရစ်စမတ်သစ်ပင်သန်ကောင်တွေကို အင်ဒို-ပစိဖိတ်ဒေသ မှ ကာရေဘီယံ သမုဒ္ဒရာအထိ အပူပိုင်းသမုဒ္ဒရာတစ်လျှောက်မှာ ကျယ်ပြန့်စွာ တွေ့ရနိုင်ပါတယ်။ အဖြူရောင် ၊ အဝါရောင် ၊ မီးခိုးရောင် ၊ လိမ္မော်ရောင် ၊ အနီရောင်အထိ အရောင်အမျိုးမျိုး ရှိနိုင်ပြီး သန္တာကျောက်တန်း ၊ ကျောက်ဆောင်တွေမှာ တွယ်ကပ်နေကျတဲ့ ကပ်ပါးကောင်မျိုးစိတ်တစ်ခု ပဲ ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/cc/cca222fdd7f830b1a97ccc7f5ae255b937ec8a82.jpg

နှစ်ရောင်စပ် ခရုပတ်ပုံ ခန္ဓာကိုယ် နဲ့ ခရစ်စမတ်သစ်ပင်ကဲ့သို့ အဆူးရွက်လေးတွေ ပတ်ပတ်လည် ဝန်းရံထားတဲ့ Christmas Tree Worm တွေဟာ ခရစ်စမတ်သစ်ပင်ပုံ အခွံ နဲ့ သန်ကောင် တစ်မျိုးပဲ ဖြစ်ပါတယ်။ ခန့်မှန်းချေ အရှည် ၃.၈ စင်တီမီတာ ( ၁.၅ လက်မ ) ရှိပြီး ထူးထူးဆန်းဆန်း ပါးဟက်ပါရှိတဲ့ သန်ကောင်မျိုးစိတ် တစ်မျိုးလည်း ဖြစ်ပါတယ်။ သန္တာကျောက်တန်းတွေပေါ်မှာသာ ကပ်တွယ် ‌ရှင်သန်နိုင်ကြတဲ့ Christmas Tree Worm တွေဟာ ထူးခြားတဲ့ ခန္ဓာကိုယ် ဖွဲ့စည်းမှု နဲ့ အရောင်ကြောင့် ပင်လယ်အလှဆင်သူ လို့ပါ ခေါ်ကြပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/52/52197225cfc87e1ca1f214c7dbf2d8ac82569239.jpg

အကောင်သေးပေမဲ့ ပြီးပြည့်စုံတဲ့ အစာချေစနစ် နဲ့ သွေးလည်ပတ်မှု စနစ်တို့ ပါရှိတဲ့အပြင် ခရစ်စမတ်သစ်ပင်သန်ကောင်တွေဟာ ကောင်းမွန်တဲ့ အာရုံခံစနစ်ကို ပိုင်ဆိုင်ထားတဲ့ ချစ်စရာ ရေနေသတ္တဝါလေးတွေပဲ ဖြစ်ပါတယ်။ တစ်နေရာက တစ်နေရာက ကူးပြောင်းသွားလာတာ မရှိတာကြောင့် ဒီအကောင်အစုအ‌ဝေး‌ဟာအသစ်အဆန်းကို သဘောကျတဲ့ ရေငုပ်သမားတွေအတွက် ရေအောက်နိဗ္ဗာန်ဘုံ တစ်ခုပဲ ဖြစ်ပါတယ်။ Christmas Tree Worm တွေဟာ စီးပွားဖြစ် ငါးဖမ်းလုပ်ငန်းတွေအတွက် အရေးမပါတာကြောင့် အများအားဖြင့် ဖျက်စီးတာမျိုးတော့ မရှိပါဘူး။ ဒေသထွက် အလှဆင်ပစ္စည်းအဖြစ် အသုံးပြုမှု အနည်းငယ် ရှိတာကလွဲ လက်ရှိမှာ‌တော့ သမုဒ္ဒရာအမွေအနှစ်အဖြစ် ထိန်း‌သိမ်းစောင့်ရှောက်လျက် ရှိပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/df/dfb249caca59bf66818df38c6e0358a4220d0132.jpg
yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T