Baeksang Art Award စင်ပေါ်မှာ အပြန်အလှန်ကျေးဇူးတင်စကားပြောခဲ့ကြတဲ့ မင်းသားလီဒိုဟွန်းနှင့် မင်းသမီးလင်းဂျီယွန်းတို့အတွဲ

//s9.kh1.co/6c/6c24619a08378ca366997937b79b21912f24b385.jpg
အနုပညာရှင်များ

 ၀၈-မေ-၂၀၂၄ ၉am · လွန်ခဲ့သော ၁၂ ရက် က

Baeksang Art Award စင်ပေါ်မှာ တစ်ယောက်ကိုတစ်ယောက်ကျေးဇူးတင်စကားပြောခဲ့ကြတဲ့ မင်းသားလီဒုန်ဟွန်းနှင့် မင်းသမီးလင်းဂျီယွန်းတို့အတွဲ

မင်းသားလီဒုန်ဟျွန်းနှင့် လင်းဂျီယွန်းတို့ဟာ The Glory ဇာတ်ကားရိုက်ကူးရင်းနှင့် ခင်မင်သိကျွမ်းသွားကြတာဖြစ်ပြီး နောက်ပိုင်းမှာဒိတ်နေကြကြောင်းပေါ်ထွက်လာခဲ့ပါတယ်။  နှစ်ယောက်သားဟာ ဒိတ်နေကြောင်းကို တရားဝင်ဖော်ထုတ်ခဲ့ကြတဲ့အပြင် လီဒုန်ဟျွန်းစစ်မှုထမ်းနေစဥ်ကာလမှာတောင်မှ အချိန်ပေးပြီးဒိတ်လုပ်နေကြတဲ့အတွဲတွေဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=433,q=100/2d/2db5e9574d333ade91d7068796925f4c5e9edf5e.webp

မနှစ်ကလင်းဂျီယွန်းဆုရတုန်းက ကျေးဇူးတင်စကားမှာ ကောင်လေးဖြစ်တဲ့ လီဒိုဟျွန်းနာမည်ကိုထည့်ပြောပြီးကျေးဇူးတင်ကြောင်းပြောသွားခဲ့ပါတယ်။ ဒီနှစ်မှာလည်း လီဒိုဟျွန်းဟာ ပွဲဦးထွက်ရုပ်ရှင်မှာပဲ Best New Actor ဆိုကိုထပ်ပြီးရသွားခဲ့တာကြောင့် ကျေးဇူးတင်စကားမှာချစ်သူကောင်မလေးကိုထည့်ပြီးပြောသွားခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=846,q=100/a7/a73fd0cabe15852b52b48be67dbda2029eec8819.webp

မကြာသေးခင်တုန်းက လီဒိုဟျွန်း စစ်မှုထမ်းကာလခွင့်ရတဲ့အချိန်မှာလည်း နှစ်ယောက်သားဟာ စားသောက်ဆိုင်တစ်ခုမှာဒိတ်နေခဲ့ကြပါသေးတယ်။ နှစ်ယောက်သားဟာ အရင်ကထက်ပိုပြီးချစ်ခင်လာကြပုံရတဲ့အပြင် ပျော်ရွှင်အဆင်ပြေတဲ့ ဆက်ဆံရေးကိုပိုင်ဆိုင်နေပုံပေါ်ပါတယ်။ ဆုပေးပွဲအပြီးမှာလည်း နှစ်ယောက်သားနီးကပ်ပြီးစကားပြောနေတဲ့ပုံနှင့်ဗီဒီယိုတွေတက်လာခဲ့ပါသေးတယ်။ 

https://s9.kh1.co/__image/w=500,h=679,q=100/23/235f6408e818f640b6691c272aa629255bc2e1ab.webp
https://s9.kh1.co/__image/w=650,h=881,q=100/df/df99bf1aeb8a0c624127b88854ce63ff24f12cf5.webp
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T