ကိုဗစ်ကြောင့်ဆုံးသွားတဲ့ အစ်ကိုနှစ်ယောက်ကိုလွမ်းဆွတ်သတိရမိလို့ သူတို့အတွက်ရည်စူးပြီး ဆင်းရဲနွမ်းပါးသူတွေကို ဆန်လှူခဲ့တဲ့ မမဆောင်း - Myanmarload

ကိုဗစ်ကြောင့်ဆုံးသွားတဲ့ အစ်ကိုနှစ်ယောက်ကိုလွမ်းဆွတ်သတိရမိလို့ သူတို့အတွက်ရည်စူးပြီး ဆင်းရဲနွမ်းပါးသူတွေကို ဆန်လှူခဲ့တဲ့ မမဆောင်း

https://s9.kh1.co/80/808b0f9d3258ac7cfd00777a17105aff2b66723f.jpeg
အနုပညာရှင်များ
 30-Aug-2021 3pm · 2 months ago

ကိုဗစ်ကြောင့်ဆုံးသွားတဲ့ အစ်ကိုနှစ်ယောက်ကိုလွမ်းဆွတ်သတိရမိလို့ သူတို့အတွက်ရည်စူးပြီး ဆင်းရဲနွမ်းပါးသူတွေကို ဆန်လှူခဲ့တဲ့ မမဆောင်း

သရုပ်ဆောင်ဆောင်းအိန္ဒြေထွန်းကတော့ ပွင့်လင်းရိုးသားပြီး ပျော်ပျော်နေတတ်သူဖြစ်လို့ ပရိသတ်တွေက သူမကိုချစ်ခင်အားပေးကြပါတယ်။ဆောင်းအိန္ဒြေထွန်းကို ပြည်သူတွေက မမဆောင်းလို့ ချစ်စနိုးနဲ့ခေါ်ဝေါ်ကြပြီး သူမရဲ့အလှူအတန်းတွေကိုလည်း သာဓုခေါ်နေကြတာဖြစ်ပါတယ်။မမဆောင်းက ဒီကာလမှာ ဆင်းရဲနွမ်းပါးသူတွေအတွက် တတ်နိုင်သလောက်ပံ့ပိုးကူညီနေတာဖြစ်လို့ အလှူရေစက်လက်နဲ့မကွာသူဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=907,q=100/58/583b363cc8a185d41b4b3bc0de7df4f78ef7a202.jpeg
Photo Credit:Ma Ma Saung’s Fb acc
https://s9.kh1.co/__image/w=650,h=488,q=100/02/0202a3b7f8209019f7c5ac439e9f052a65945690.jpeg
Photo Credit:Ma Ma Saung’s Fb acc

လွန်ခဲ့တဲ့တစ်ရက်ကဆိုရင် မမဆောင်းက သူမကိုချစ်တဲ့ပရိသတ်တွေနဲ့အတူ အလှူကြီးတစ်ခုကိုလုပ်ဆောင်ခဲ့သေးတာဖြစ်ပါတယ်။အဲ့ဒါကတော့ ကိုဗစ်ကြောင့်ဆုံးပါးသွားတဲ့သူမရဲ့အစ်ကိုနှစ်ယောက်ကို ရည်စူးပြီး ဝေဠုကျော်ဖောင်ဒေးရှင်းမှာ လှူဒါန်းခဲ့တာဖြစ်ပါတယ်။ဆင်းရဲနွမ်းပါးသူတွေအတွက် ဆန်အလှူငွေ (၅)သိန်းကျပ်တိတိကို ဝေဠုကျော်ထံပေးအပ်ခဲ့တာဖြစ်ပါတယ်။မမဆောင်းရဲ့အလှူတွေကိုကြည့်ပြီး ပြည်သူလူထုကလည်း ထပ်တူကြည်နူးနေရတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=641,h=599,q=100/21/21594dd00152aa2c8025c404230ee6b91e22d56b.jpeg
Photo Credit:Ma Ma Saung’s Fb acc
https://s9.kh1.co/__image/w=650,h=881,q=100/cf/cfad91317ea42ab4ef3fd32ece01a726da201367.jpeg
Photo Credit:Ma Ma Saung’s Fb acc

မမဆောင်းကတော့ သူမရဲ့အစ်ကိုနှစ်ယောက်ကို လွမ်းဆွတ်သတိရနေတာကြောင့် သူတို့အတွက်ကုသိုလ်ကောင်းမှူတွေကိုလုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။ဒီလိုနိုင်ငံရေးအခြေအနေမှာ အနုပညာအလုပ်တွေ အရင်တုန်းကလောက်မလုပ်ရပေမယ့် သူမရဲ့ချွေးနည်းစာထဲကနေ သဒ္ဓါတရားထက်သန်စွာလှူဒါန်းတာပဲဖြစ်ပါတယ်။အလှူရေစက်လက်နဲ့မကွာဘဲ လိုအပ်သူတွေကိုကူညီပေးတဲ့ မမဆောင်းရဲ့အလှူပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

https://s9.kh1.co/__image/w=650,h=687,q=100/c4/c482fc8c745a6f9d9cf63cda99c512ab150c4c7b.jpeg
Photo Credit:Ma Ma Saung’s Fb acc
https://s9.kh1.co/__image/w=650,h=523,q=100/2c/2cd79a5cd60eba7e1801f2c78bd78b1fafdab96d.jpeg
Photo Credit:Ma Ma Saung’s Fb acc

Source&Photo Credit:Ma Ma Saung’s Fb acc

Snow
snow

ဆက်စပ်ဆောင်းပါး