စက်တင်ဘာလထဲမှာ အသစ်ထွက်ရှိလာတော့မယ့် ဇာတ်ကားကောင်းလေးတွေများစွာရှိပါတယ်။ အချစ်ဒရမ်မာလေးတွေကို ကြိုက်နှစ်သက်ကြတဲ့သူတွေအတွက် ဒီလထဲမှာကြည့်ဖို့အတွက် ရွေးချယ်စရာအချစ်ဇာတ်လမ်းအသစ်လေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
No.1 "Dali and Cocky Prince"
ဒီဇာတ်လမ်းလေးက အနုပညာပြတိုက်တစ်ခုရဲ့ ဒါရိုက်တာဖြစ်လာတဲ့ Kim Dal Riဟာ ဘာသာစကား ၇မျိုးတတ်ကျွမ်းပြီး ထက်မြက်ပေမယ့် အိမ်မှုကိစ္စတွေတတ်မြောက်ဖို့အတွက် ကြိုးစားနေရသူဖြစ်ပါတယ် ။ မင်းသား Jin Jin Hak ကတော့ ငွေရှာတော်တဲ့သူတစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားကာ သူတို့နှစ်ယောက်ကြားမှာ ဖြစ်ပေါ်လာမည့် အချစ်ဇာတ်လမ်းလေးအကြောင်းဖြစ်ပါတယ် ။ ဒီဒရမ်မာလေးကို စက်တင်ဘာ ၂၂ရက်နေ့မှာ KBS ကနေပြသသွားမှာဖြစ်ပါတယ်။
No.2 "Yumi's Cells"
ဒီဇာတ်လမ်းလေးဟာ Webtoon ကိုအခြေခံကာရိုက်ကူးထားတဲ့ အချစ်ဒရမ်မာကားလေးဖြစ်ပြီး အသက် ၃၀ အရွယ်သာမန်ရုံးဝန်ထမ်း YuMi အကြောင်းကို ရိုက်ကူးထားတာပါ။ သူမရဲ့ ဦးနှောက်ဆဲလ်တွေက သူမရဲ့အတွေးတွေ၊ ခံစားချက်တွေကို ထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးကို စက်တင်ဘာ ၁၇ရက်နေ့မှာ tvN ကနေထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။
No.3 "Lost"
ဒီဇာတ်လမ်းဟာ ရပ်တည်ချက်လမ်းပျောက်သွားတဲ့အမျိုးသမီးတစ်ယောက်နဲ့ သူ့ရဲ့ဘ၀မှာဘာမှမဖြစ်လာမှာကို ကြောက်တဲ့ယောက်ျားတစ်ယောက်ကြားက ဖြစ်ပေါ်လာမယ့် အချစ်ဇာတ်လမ်းအကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို စက်တင်ဘာ ၄ရက်နေ့မှာ JTBC ကနေထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။
သတင်း အရင်းအမြစ်៖ Twitter