လက်တွေ့ဘ၀မှာလည်း သာယာပျော်ရွှင်စရာအိမ်ထောင်‌ရေးကို ပိုင်ဆိုင်ထားကြတဲ့ ကိုရီးယားအနုပညာရှင်စုံတွဲ (၅)တွဲ

//s9.kh1.co/62/62a6ab9c474e9e37b23d59082cd91ed603f24704.jpg
ဖျော်ဖြေရေးများ

 ၀၃-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

အနုပညာရှင်အချင်းချင်း လက်တွဲသွားကြတဲ့ တောင်ကိုရီးယားအနုပညာရှင်တွေများစွာရှိကြသလို ချစ်သူတွေအဖြစ်ကနေ ပျော်ရွှင်စရာမိသားစုဘ၀လေးကို တည်ထောင်သွားကြတဲ့ အနုပညာရှင်စုံတွဲတွေလည်းများစွာရှိကြပါတယ်။ ၎င်းတို့ထဲမှာမှ ပရိသတ်အများစုအားကျချစ်ခင်ကြတဲ့ အနုပညာရှင်စုံတွဲ(၅)ဦးကို ဖော်ပြပေးချင်ပါတယ်။

No. 1 Choi Won Young နဲ့ Shim Yi Young

Shim နှင့် Choi တို့ဟာ ၂၀၁၃ ခုနှစ်မှာ တီဗီစီးရီးတစ်ခုဖြစ်တဲ့ A Hundred Year Legacy ရိုက်ကူးနေစဉ် စုံတွဲတစ်တွဲအဖြစ်သရုပ်ဆောင်ခဲ့ရာကနေ တွေ့ဆုံခဲ့ကြတာဖြစ်ပြီး ၂၀၁၄ခုနှစ်မှာ လက်ထပ်ခဲ့ကြတာပါ။  အခုလက်ရှိမှာဆိုရင် သူတို့စုံတွဲလေးဟာ သားသမီးနှစ်ယောက်ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။

Photo credit-Google
Photo credit-Google

No 2 Eugene နဲ့ Ki Tae Young

သူတို့နှစ်ဦးဟာ ၂၀၁၉ခုနှစ်မှာ Creating Destiny ဆိုတဲ့ ဒရမ်မာမှာသရုပ်ဆောင်ရင်း တွေ့ဆုံခဲ့ကြတာဖြစ်ပြီး ၂၀၁၁ခုနှစ်မှာ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ သူတို့ရဲ့ပထမဆုံးရင်သွေးဖြစ်တဲ့ Ro-hee ဆိုတဲ့သမီးလေးကို ၂၀၁၅ ခုနှစ်ဧပြီလမှာမွေးဖွားခဲ့ပြီး Ro-rinကိုတော့ ၂၀၁၈ ခုနှစ်သြဂုတ်လ ၁၈ ရက်နေ့မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။

Photo credit-Google
Photo credit-Google

No.3 In Gyo Jin နဲ့ So Yi Hyun

သူတို့နှစ်ဦးဟာ မိတ်ဆွေတွေအဖြစ် ဆယ်နှစ်လောက်ရင်းနှီးခဲ့ကြပြီးနောက်မှာ ၂၀၁၄ခုနှစ်မှာ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ် ။ သူတို့ရဲ့ပထမဆုံးရင်သွေးသမီးလေးကို ၂၀၁၅ ခုနှစ်ဒီဇင်ဘာ ၄ ရက်တွင်မွေးဖွားခဲ့ပြီး ၂၀၁၇ ခုနှစ်အောက်တိုဘာလမှာ ဒုတိယမြောက်သမီးလေးကိုမွေးဖွားခဲ့တာဖြစ်ပါတယ်။

Photo credit-Google
Photo credit-Google

No.4 Ji Sung နဲ့ Lee Bo Young

သူတို့နှစ်ဦးဟာ ၂၀၀၄ ခုနှစ်ရုပ်သံဇာတ်လမ်းတွဲ Save Last Dance for Me တွင်တွေ့ဆုံခဲ့ပြီး ၂၀၀၇ ခုနှစ်တွင်သူတို့၏ဆက်ဆံရေးကိုအတည်ပြုခဲ့တာဖြစ်ပါတယ် ။ ၂၀၁၃ ခုနှစ်သြဂုတ်လ ၂ ရက်နေ့တွင်သူတို့၏သက်ဆိုင်ရာတရားဝင် fan site များတွင်လက်ရေးစာများတင်ခြင်းဖြင့် သူတို့၏စေ့စပ်ကြောင်းလမ်းမှုကိုကြေငြာခဲ့ကြပြီး ကလေး လေးနှစ်ယောက်ကိုလည်း ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။

Photo credit-Google
Photo credit-Google

No.5 Kim So Yeon နဲ့ Lee Sang Woo

၂၀၁၆ ခုနှစ်စက်တင်ဘာ ၆ ရက်မှာ Lee နဲ့မင်းသမီး Kim So-yeon တို့ဟာ သူတို့ရဲ့ဆက်ဆံရေးကိုအတည်ပြုပြောကြားခဲ့ကြပါတယ်။ သူတို့နှစ်ဦးဟာ Happy Home ဒရမ်မာမှာတွေ့ခဲ့ကြတာဖြစ်ပြီး ၂၀၁၇ ဇွန်လမှာလက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။

Photo credit-Google
Photo credit-Google

သတင်း အရင်းအမြစ်Twitter

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T