အသက်(၈၀)ကျော် အိုမင်းမစွမ်းနေတဲ့အချိန်မှာတောင် နေပူပူထဲဈေးရောင်းပြီး ဝမ်းရေးအတွက် ရုန်းကန်နေရရှာတဲ့ အဖွားကို ကူညီခဲ့တဲ့ ပရဟိတလူငယ်လေး

//s9.kh1.co/5d/5ddfec96cc614d8346f281471c5fdac376827ae6.jpeg
နေ့စဉ်သတင်းများ

 ၂၈-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

လတ်တလောမှာ မြန်မာနိုင်ငံရဲ့အခြေအနေတွေအမျိုးမျိုးကြောင့် ပြည်သူတွေမှာစီးပွားရေးကြပ်တည်းနေတဲ့အပြင် သက်ကြီးရွယ်အိုအဖိုးအဖွားတွေမှာလည်း အခက်အခဲတွေကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။ အားကိုးရာမဲ့နေတဲ့ အဖိုးအဖွားတွေမှာလည်း စားဝတ်နေရေးနဲ့ ဝမ်းရေးအတွက် ကြိုးစားရုန်းကန်နေကြရတာကြောင့် ပြည်သူတွေကလည်း အချင်းချင်းဖေးမကူညီနေကြတာလည်း တွေ့ရပါတယ်။

Photo Credit - ArrPuu Tuu's Fb Acc
Photo Credit - ArrPuu Tuu's Fb Acc

ဆင်းရဲနွမ်းပါးတဲ့အဖိုးအဖွားအတွက် ကူညီထောက်ပံ့မှုတွေ ပြုလုပ်ပေးနေတဲ့ ပရဟိတလူငယ်လေးကတော့ နေပူပူထဲ ဈေးရောင်းနေရရှာတဲ့ အဖွားအိုတစ်ယောက်အတွက် ကူညီမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အသက် (80)ကျော် အိုမင်းမစွမ်းနေတဲ့အချိန်မှာတောင် နေပူပူထဲဈေးရောင်းပြီး ဝမ်းရေးအတွက် ရုန်းကန်နေရရှာတဲ့ အဖွားဆီက ရောင်းသမျှအကုန်ဝယ်တဲ့အပြင် ငွေပိုပေးကာ ကူညီခဲ့တာ ဖြစ်ပါတယ်။

Photo Credit - ArrPuu Tuu's Fb Acc
Photo Credit - ArrPuu Tuu's Fb Acc

နေပူပူထဲ တောကြက်ဥနဲ့ ကန်စွန်းရွက်လေးတွေကို လမ်းဘေးမှာခင်းရောင်းနေရှာတဲ့အဖွားအတွက် ငွေငါးသောင်း ကူညီခဲ့တာဖြစ်ပြီး သူ့ရဲ့ စေတနာလေးတွေကြောင့် အရမ်းတွေပျော်နေတဲ့ အဖွားကြောင့်လည်း ဝမ်းသာပီတိတွေ ဖြစ်ခဲ့ရတာ တွေ့ရပါတယ်။ အပြုံးအကြီးကြီးပိုက်လို့ အိမ်အစောကြီးပြန်နားခဲ့ရတဲ့ အဖွားရဲ့ ပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေထားတာမို့ မြင်သူတိုင်းလည်း အပျော်လေးဆွေ ကူးစက်ကြစေမှာပါနော်။

Photo Credit - ArrPuu Tuu's Fb Acc
Photo Credit - ArrPuu Tuu's Fb Acc

သတင်း အရင်းအမြစ်ArrPuu Tuu's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T