သူငယ်ချင်း၊မိတ်ဆွေတွေကြားထဲမှာတောင် ချစ်ကြည်နူးပြီး အပြန်အလှန်ကြင်နာကာ ရိုဆန်နေကြတဲ့ Justin Bieber တို့ဇနီးမောင်နှံ

//s9.kh1.co/c1/c1f957392ad706166fe293c788146c3a3d7f7e58.jpeg
အနုပညာရှင်များ

 ၃၀-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၂ နှစ် က

သူငယ်ချင်း၊မိတ်ဆွေတွေကြားထဲမှာတောင် ချစ်ကြည်နူးပြီး အပြန်အလှန်ကြင်နာကာ ရိုဆန်နေကြတဲ့ Justin Bieber တို့ဇနီးမောင်နှံ

ကမ္ဘာအနှံ့အပြားက ပရိသတ်တွေကို ပိုင်ဆိုင်ထားတဲ့ Justin Bieber ကတော့ ဆယ်ကျော်သက်အရွယ်ကတည်းကအနုပညာလမ်းကြောင်းပေါ်လျှောက်လှမ်းခဲ့ပြီး အခက်အခဲများစွာကိုလည်းဖြတ်သန်းခဲ့ရပါတယ်။Justin Bieber မှာ အောင်မြင်ခဲ့တဲ့အချိန်တွေလည်းရှိသလို စိတ်ဓာတ်ကျခဲ့တဲ့အချိန်တွေလည်းရှိပါတယ်။Justin ရဲ့ စိတ်ဓာတ်ကျမှုတွေကို ပရိသတ်တွေကပဲ အားပေးခဲ့လို့ အခုချိန်ထိအောင်မြင်ကျော်ကြားနေဆဲဖြစ်ပါတယ်။

Photo Credit: Justin Bieber’s IG Acc
Photo Credit: Justin Bieber’s IG Acc
Photo Credit: Justin Bieber’s IG Acc
Photo Credit: Justin Bieber’s IG Acc

Justin က သူ့ရဲ့ဝင်ငွေထဲကနေလည်း အလှူအတန်းတွေမကြာခဏလုပ်ဆောင်လေ့ရှိပြီး လိုအပ်တဲ့နေရာတွေကိုထောက်ပံ့ပေးနေတာဖြစ်ပါတယ်။Justin ရဲ့ ချစ်ဇနီးချောလေး Hailey Bieber ကလည်း ခင်ပွန်းနားကနေ အမြဲsupport ပေးပြီး ချစ်ခင်ကြင်နာပေးတာဖြစ်ပါတယ်။သူတို့ဇနီးမောင်နှံနှစ်ယောက်ရဲ့ အိမ်ထောင်သက်တမ်းကတော့ (၃)နှစ်ပြည့်သွားပြီး ပွဲအခမ်းအနားတွေဆိုလည်း အတူတူတက်ရောက်ကြတာဖြစ်ပါတယ်။

Photo Credit: Justin Bieber’s IG Acc
Photo Credit: Justin Bieber’s IG Acc
Photo Credit: Justin Bieber’s IG Acc
Photo Credit: Justin Bieber’s IG Acc

Justin နဲ့ Hailey တို့ဇနီးမောင်နှံနှစ်ယောက်ကတော့ ရှေ့သွားနောက်လိုက်ညီလို့ ပရိသတ်တွေကလည်း ချစ်နေကြတာဖြစ်ပါတယ်။လွန်ခဲ့တဲ့ရက်ကဆိုရင်တော့ Justin က သူငယ်ချင်း၊မိတ်ဆွေတွေနဲ့ တွေ့ဆုံတဲ့ပွဲလေးကို Hailey ကိုပါခေါ်သွားတာဖြစ်ပါတယ်။သူတို့ဇနီးမောင်နှံနှစ်ယောက်က သူငယ်ချင်းတွေကြားထဲလည်း ချစ်ကြည်နူးနေကြပြီးအပြန်အလှန်ကြင်နာနေကြတာဖြစ်လို့ သူတို့ရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Justin Bieber’s IG Acc
Photo Credit: Justin Bieber’s IG Acc
Photo Credit: Justin Bieber’s IG Acc
Photo Credit: Justin Bieber’s IG Acc

Source&Photo Credit: Justin Bieber’s IG Acc

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T