ပရိတ်သတ်အားလုံး Disney က ရုပ်ရှင်တွေနဲ့ ငယ်ဘဝကိုဖြတ်သန်းခဲ့ကြမယ်လို့ ထင်ပါတယ်။ငယ်ငယ်က ကိုယ်အားပေးခဲ့ရတဲ့ ရုပ်ရှင်တွေထုတ်လုပ်တဲ့ နာမည်ကြီး Disney က ကိုယ့်မြန်မာနိုင်ငံက ရိုးရာဝတ်စုံကို Inspired ယူပြီး နိုင်ငံတကာ ရုပ်ရှင်ထဲ ထည့်သွင်းပြသခဲ့ပါပြီ။
"Raya and The Last Dragon Movie" မှာ "Raya" လေး ၀တ်ဆင်ထားခဲ့တဲ့ "Character Costume" ဟာ Myanmar နိုင်ငံက၀တ်စုံဖြစ်ပါတယ်လို့ သိရပါတယ်။ "Raya and The Last Dragon" ဟာ လွန်ခဲ့သောနှစ်ပေါင်း (၁၀၀၀) ခန့်မှာ ဇာတ်အိမ်ကို တည်ထားတာဖြစ်လို့ Raya ရဲ့ Costume ကိုလဲ ပုဂံခေတ်က ၀တ်စားပုံမျိုးနဲ့ မြင်တွေ့ရနိုင်ပါတယ်။ "Raya" ရဲ့ ကာရိုက်တာ ကိုတော့ အင်ဒိုနီးရှား နဲ့ ဗီယက်နမ် နိုင်ငံတို့ကနေ Inspired ယူပီး ဖန်တီးခဲ့တာဖြစ်ပါတယ်။သို့ပေမယ့် "Raya" ဟာ အရွယ်နဲ့မလိုက်အောင် ရဲရင့်တဲ့အပြင် ရှည်လျားနက်မှောင်တဲ့ ဆံပင်တွေကိုပါ ပိုင်ဆိုင်ထားတယ်လို့ ဖော်ပြထားတာကြောင့် Raya က မြန်မာသွေးအနည်းငယ်လဲ ပါနိုင်ပါတယ်။ဘာကြောင့်ဒီလိုပြောနိုင်ရတာလဲဆိုရင် အစောပိုင်းပုဂံခေတ်မှာ ပုဂံမိန်းမပျိုတွေဟာ ရဲရင့်သန်မာခဲ့ကြတယ်လို့ အဆိုရှိခဲ့တာကြောင့်ပါ။
ဒီဇာတ်ကားမှာ အာရှနိုင်ငံတွေကနေ Inspired ယူပြီး ထည့်သွင်းရိုက်ကူးထားတာများတယ်ဆိုပေမယ့် "Character Costume" ဆိုတာကတော့ Character ကိုယ်တိုင်ပီးရင် ဇာတ်ကားအတွက် အရေးအကြီးဆုံးနေရာဖြစ်လို့ ဒီလိုနေရာလေးအတွက် မြန်မာနိုင်ငံက၀တ်စုံကို Inspired ယူခြင်းခံခဲ့ရတယ်ဆိုတာ တကယ့်ကို တန်ဖိုးထားခံရတယ်ဆိုတာကိုပြသလိုက်သလိုပါပဲ။ဒါ့အပြင် အလွန်ဂုဏ်ယူမိပါတယ်။နိုင်ငံရပ်ခြားကတောင် ကိုယ့် ရိုးရာဝတ်စုံတွေကို တန်ဖိုးထားနေကြတဲ့ အချိန်မှာ မြန်မာနိုင်ငံကလည်း ဂုဏ်ယူဝမ်းမြောက်စွာ အမြဲ တန်ဖိုးထားကြပါလို့ ပြောပါရစေရှင်။