တောင်ကိုးရီးယား ဒရမ်မာရုပ်သံဇာတ်လမ်းတွဲတွေဟာ ထိမိတဲ့ရိုက်ချက်တွေနဲ့ မင်းသားမင်းသမီးများရဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိတ်သတ်များအကြား အလွန်ရေပန်းစားအောင်မြင်ကျော်ကြားဆဲဖြစ်ပါတယ်။လက်ရှိမှာလည်း tvN မှထုတ်လွှင့်ပြသနေတဲ့ HOMETOWN Cha Cha ဇာတ်လမ်းတွဲဟာ ပရိတ်သတ်များအကြားအလွန်ပင်ရေပန်းစားအောင်မြင်ကျော်ကြားနေတာဖြစ်ပါတယ်။
ဒီဇာတ်လမ်းလေးဟာ အဓိကအားဖြင့် မြို့ပြနှင့် ဝေးတဲ့ အရပ်ဒေသကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး တကယ်ကို စိတ်ချမ်းမြေ့စေနိုင်တဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ဒီဇာတ်ကားမှာဆိုရင် မင်းသား Kim SeonHo နှင့် မင်းသမီး Shin MinAh တို့ကအဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။မင်းသားနဲ့မင်းသမီးရဲ့ Chemistry မိနြေခင်းကလည်းပရိတ်သတ်ကိုဆွဲဆောင့်စေနိုင်တဲ့အဓိကအချက်ပဲဖြစ်ပါတယ်။
ဇာတ်ကားလေးမှာပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားမင်းသမီးအားလုံးဟာလည်းတကယ်ကို ထူးချွန်ကြတဲ့အပြင် ဇာတ်လမ်းရဲ့ အသွားအလာကလည်းဘဝကို ကြိုးစားရုန်းကန်နေရသူတွေအဖို့ အသားပေးရိုက်ကူးထားတဲ့ သဘာဝဆန်ဆန် ဇာတ်ကားလေးဖြစ်ပါတယ်။လာမယ့် စနေ နှင့် တနင်္ဂနွေနေ့များမှာဆိုရင် ဒီဇာတ်လမ်းလေးဟာ အဆုံးသတ်တော့မှာဖြစ်လို့ ပရိတ်သတ်များက ဝမ်းနည်းနေကြတာဖြစ်ပါတယ်။ လာမယ့် စနေ နဲ့ တနင်္ဂနွေမှာ ဘယ်လိုအဆုံးသတ်တွေနဲ့ ပရိတ်သတ်ရင်ထဲထိမိနေစေခဲ့မလဲဆိုတာကိုတော့ အားလုံးအတူတူစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။