ရေစီးအားသန်နေတဲ့ လမ်းမပေါ်မှာ အန္တရယ်ရှိနိုင်တဲ့ကြားကနေ လူလိုက်ပါပြီး ပျော်ရွှင်စွာ ဆော့ကစားနေကြတဲ့ ထိုင်းလူငယ်တွေရဲ့ ရုပ်သံဖိုင်

//s9.kh1.co/75/75d5b5a675a2ebeb62e938735c51487382bed6b2.jpg
နေ့စဉ်သတင်းများ

 ၁၉-အောက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၂ နှစ် က

.

ထိုင်းနိုင်မှာ ယခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ မုန်တိုင်းအရှိန်ကြောင့် ရေကြီးရေလျှံမှုတွေဟာ စံချိန်တင်လောက်အောင် အဆိုးရွားဆုံးဖြစ်ခဲ့ပြီး ခရိုင် (၁၄)ခုက ပြည်သူအများအပြား ရေဘေးသင့်ခဲ့ရပါတယ်။ ရေကြီးရေလျှံမှုတွေကြောင့် လူနေအိမ်အများအပြားပျက်စီးခြင်း ၊ လမ်းတံတားများ ကျိုးပေါက်ခြင်း နှင့် တောင်ယာလုပ်ငန်းအများအပြားလည်း ပျက်စီးသွားခဲ့ရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload

ရေကြီးရေလျှံမှုတွေကတော့ ယနေ့အချိန်ထိ တချို့ပြည်နယ်တွေဖြစ်ပေါ်နေပြီး လူနေအိမ်များ မြုပ်လုနီးပါးရှိတာ တွေ့ရပါတယ်။ ဒီလိုရေကြီးမှုတွေ ဖြစ်ပေါ်နေတဲ့ ကြားကနေ ထိုင်းပြည်သူတွေကြားမှာ ရေပန်းစားခဲ့တဲ့ ရုပ်သံဖိုင်တစ်ခုဟာ လူမှုကွန်ယက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။ ဒီရုပ်သံဖိုင်ကတော့ Chaiyaphum ပြည်နယ်၊ Phu Khiao ခရိုင်အတွင်း အောက်တိုဘာလ (၁၆) ရက်နေ့က ဖြစ်ပေါ်ခဲ့တဲ့ ရေကြီးမှုမှာ ဆယ်ကျော်သက် လူငယ်တွေ ရေဆော့ကစားထားတဲ့ ရုပ်သံဖိုင်တစ်ခုပဲ ဖြစ်ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload

Phu Khiao ခရိုင် ရေကြီးမှုမှာ မြစ်ချောင်းတွေကနေ လျှံတက်လာတဲ့ ရေများဟာ လမ်းမပေါ်တွေမှာ ရေစီးအားသန်သန်ဖြင့် တုန်လှုပ်စရာ ကောင်းအောင် စီးဆင်းနေတာ ဖြစ်ပါတယ်။ အဲ့လိုရေစီးအားသန်နေတဲ့ လမ်းပေါ်မှာ ဆယ်ကျော်သက် လူငယ်များက လူလိုက်ပါပြီး ဆော့ကစားနေကြတာကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ထိုင်းပြည်သူတချို့ကတော့ အဲ့လိုရေစီးသန်တဲ့လမ်းပေါ်မှာ ရေဆော့ကစားတာကို အန္တရယ်ရှိနိုင်တာကြောင့် သတိပေးတာတွေ လုပ်ဆောင်ပေးခဲ့ပါတယ်။

သတင်း အရင်းအမြစ်Source - Original Upload

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T