ကရင်လက်နက်ကိုင်အဖွဲ့တွေ စုပေါင်းပြီး တည်ထောင်ဖွင့်လှစ်မယ့် ပထမဦးဆုံးသော ကရင်ဆေးကောလိပ်

//s9.kh1.co/46/46887c0843425c1f99b3126d170daac103f8614f.jpg
နေ့စဉ်သတင်းများ

 ၂၂-အောက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၂ နှစ် က

ကရင်လက်နက်ကိုင်အဖွဲ့တွေ စုပေါင်းပြီး တည်ထောင်ဖွင့်လှစ်မယ့် ပထမဦးဆုံးသော ကရင်ဆေးကောလိပ်

ကရင်လက်နက်ကိုင်အဖွဲ့လေးဖွဲ့ပေါင်းပြီးတော့ ပထမဦးဆုံး ကရင်ဆေးကောလိပ် (Karen Medical College ) တစ်ခုကို တည်ဆောက်ဖွင့်လှစ်သွားမယ်လို့ ကရင်တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်းထံကနေ သိရပါတယ်။KNU - ကရင်အမျိုးသားအစည်းအရုံး၊ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်၊ကရင်ငြိမ်းချမ်းရေးကောင်စီနဲ့ ကရင်နယ်ခြားစောင့်တပ်တို့ရဲ့ ကျန်းမာရေးဌာနအဖွဲ့အစည်းတွေ ပူးပေါင်းပြီး ကရင်ပြည်နယ်တစ်နေရာအတွင်းမှာ ကရင်ဆေးကောလိပ်ကို တည်ဆောက်သွားမှာ ဖြစ်သလို လက်ရှိမှာလည်း ကောလိပ်အတွက် မြေနေရာသတ်မှတ်ပြီးပြီလို့ သိရပါတယ်။ကရင်ဆေးကောလိပ်မှာ ဆေးပညာနဲ့ပတ်သက်တဲ့ ဘာသာရပ်တွေကို သင်ကြားပေးသွားမှာ ဖြစ်ပြီး ပညာအရည်အချင်းအနေနဲ့ ၁၀ တန်းအောင်မြင်ပြီး အသက် ၁၆ နှစ်ကနေ ၂၂ ဝန်းကျင်အရွယ်ရှိတဲလ လူငယ်တွေ တက်ရောက်သင်ကြားခွင့်ရှိကြောင်း ကရင်တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းထံကနေ သိရပါတယ်။

Photo Credit - KLO FM's Facebook
Photo Credit - KLO FM's Facebook

ဆေးကောလိပ်မှာ ပညာသင်နှစ်အဖြစ် ငါးနှစ်သတ်မှတ်ထားပြီး ပညာသင်နှစ်များအားလုံးပြီးဆုံးပါက လက်ထောက်ဆရာဝန်အဆင့်ရရှိမှာ ဖြစ်ပါတယ်။

တိုင်းရင်းသားဒေသဖြစ်တဲ့အတွက် ဘယ်ဘက်ကအောင်အောင်  အမှတ်သတ်မှတ်ထားခြင်းမရှိဘဲ ဆယ်တန်းအောင်မြင်ပြီး ဝါသနာပါတဲ့သူဆိုရင်  ကရင်ဆေးပညာကောလိပ်တွင် တက်ရောက်ခွင့်ပြုမှာဖြစ်ပြီး ကျောင်းပြီးတဲ့အခါမှာ သွားလာရခက်ခဲပြီး ဆရာဝန်မရှိတဲ့နေရာမှာဆိုရင် ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီး ကျောင်းတက်တဲ့အချိန်ကာလအနေနဲ့ ၅ နှစ်ကြာမြင့်မှာဖြစ်တယ်လို့ ကရင်တိုင်းရင်းသားကျန်းမာအဖွဲ့အစည်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကရင်ဆေးကောလိပ်တည်ဆောက်ဖို့အတွက် လက်ရှိမှာ မြေနေရာ သတ်မှတ်ထားပြီးပြီ ဖြစ်ပြီး ကောလိပ်အဆောက်အဦးအတွက် ဒီနှစ်ကုန်ပိုင်းလောက်မှာ စတင်တည်ဆောက်သွားမှာ ဖြစ်ပြီး လာမည့်နှစ်ကုန်ပိုင်းမှာ ဖွင့်လှစ်နိုင်ဖို့ မျှော်မှန်းထားတယ်လို့  ကရင်တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းက တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ကရင်ဆေးကောလိပ်မှာ သင်ကြားမယ့် ဘာသာရပ်တွေအတွက် သင်ရိုးညွှန်းတမ်းရေးဆွဲထားပြီးဖြစ်သလို ဆရာဝန်တွေကိုယ်တိုင်က သင်ကြားရေးဆရာအဖြစ် တာဝန်ယူသင်ကြားပေးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

သတင်း အရင်းအမြစ်KLO Fm

Hsu Ei Khin
Arche

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T