မြန်မာ့အရေးနှင့်ပတ်သက်၍ အမေရိကန် Burma Act ဥပဒေကြမ်း အတည်ပြုနိုင်ရေး ဆောင်ရွက်နေလျက်ရှိတဲ့ အမေရိကန်လွှတ်တော်အမတ် (၃) ဦးနှင့် USACM

//s9.kh1.co/39/39dc642a1dfa33356640a599a2cd61a23d920740.jpg
နေ့စဉ်သတင်းများ

 ၂၂-အောက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၂ နှစ် က

ဘယ်လိုတွေ ထူးခြားလာနိုင်သလဲ...... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

မြန်မာနိုင်ငံဟာ ဖေဖော်ဝါရီ(၁)ရက်နေ့မှ စတင်ကာ စစ်ကောင်စီရဲ့ အာဏာထိန်းချုပ်မှုအောက်မှာရောက်ရှိနေခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံအရေးဟာ ပြည်သူများရဲ့ စည်းလုံးညီညွတ်စွာ ဝိုင်းဝန်းအားစိုက်မှုကြောင့်  အာဆီယံနိုင်ငံများသာမက ကမ္ဘာ့ကုလသမဂ္ဂအထိပါ သတိထားမိလာကြတဲ့ အနေအထားကိုရောက်ရှိခဲ့တာဖြစ်ပါတယ်။

Photo Credit From Google
Photo Credit From Google

လက်ရှိမှာ စစ်ကောင်စီကို ပစ်မှတ်ထား အရေးယူဆောင်ရွက်မှုများပြုလုပ်မယ့် အမေရိကန် Burma Act ဥပဒေကြမ်း ရှေ့ဆက် အသက်ဝင်လာရေး တွန်းအားပေးရေးအတွက် U.S Advocacy Coalition for Myanmar - USACMမှ ကိုယ်စားလှယ်(၃) ဦးဟာ  အမေရိကန် လွှတ်တော်အမတ်(၃) ဦးနှင့် သွားရောက်တွေ့ဆုံခဲ့ကြောင်း USACMက သတင်းထုတ်ပြန်ခဲ့ပါတယ်။

Photo Credit From Google
Photo Credit From Google

အမေရိကန်လွှတ်တော်အမတ်များဖြစ်ကြတဲ့ Senator Ben Cardin ၊ Steny Hoyer နှင့် Senator Jim Inhofe တို့ကို အောက်တိုဘာလ (၁၉) ရက်နေ့တွင် သွားရောက်တွေ့ဆုံခဲ့ကြောင်း၊ USACMက Burma Act ဖြစ်ပေါ်လာရေး ဦးဆောင်ကြိုးစားသူ Senator Cardin က ကျေးဇူးတင်ကြောင်း ပြောဆိုပြီး ဥပဒေကြမ်း ဆက်လက် အသက်ဝင်လာရေး နှင့် ဥပဒေအတွင်းပါဝင်သော အရေးကြီးအချက်အလက်များနှင့်ပတ်သက်၍ အတိုချုံး ဆွေးနွေးပြောဆိုကြကြောင်း သိရှိရပါတယ်။

Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T