ပဲခူးမြို့ ရှိ အထင်ကရမြွေမယ်တော်ကြီး စောနန်းဝေ ကွယ်လွန်

//s9.kh1.co/e2/e2988c1b0c1101209c35812305dc17aed8e89ba3.jpg
နေ့စဉ်သတင်းများ

 ၂၂-အောက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၂ နှစ် က

ပဲခူးမြို့ ရှိ အထင်ကရမြွေမယ်တော်ကြီး စောနန်းဝေ ကွယ်လွန်

ပဲခူးမြို့ ကျီးတောင်တောရ မြွေဘုရားကျောင်းတိုက်တွင် တည်ရှိသော အထင်ကရမြွေမယ်တော်ကြီး စောနန်းဝေဟာ ဒီကနေ့မှာ ကွယ်လွန်သွားခဲ့ပြီလို့ သိရှိရပါတယ်။

Crd to Original Uploader
Crd to Original Uploader

မြွေမယ်တော်ကြီး စောနန်းဝေရဲ့ ဇာတိဟာ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ သီပေါမြို့နယ် ၊ ဘောကြိုဘုရား သိုက်နန်းမှ ဖြစ်တယ်လို့ သိရှိရပြီး မြွေမယ်တော်ကြီးဟာ ရှမ်းပြည်နယ်မှ ရန်ကုန်သာကေတမြို့နယ်ကို အရင်ဆုံးရောက်ရှိလာခဲ့တာလို့ သိရှိရပါတယ်။ ရန်ကုန် သာကေတ မြို့နယ်မှ တစ်ဆင့် ဘေးမဲ့တော (သို့မဟုတ်) ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ ပို့မည့်အချိန်တွင် ၁၅ နှစ် အရွယ် သမီးငယ်လေးအား ဝင်ရောက်ပူးခဲ့ပြီး  အတိတ်ဘဝအကြောင်းတွေ ပြန်လည်ပြောပြခဲ့တာကြောင့် မပို့ဖြစ်တော့ဘဲ ပဌာန်းဆက်ရှိရာ ပဲခူးမြို့ရှိ ကျီးတောင်ဆရာတော်ဘုရားကြီး (ကွယ်လွန်တော်မူ) သီတင်းသုံးခဲ့ရာ ကျီးတောင်တောရ ထံသို့ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။

Crd to Original Uploader
Crd to Original Uploader

မြွေမယ်တော်ကြီး စောနန်းဝေဟာ ကွယ်လွန်သွားချိန်မှာ သက်တော် (၁၃၃) နှစ်ရှိပြီဖြစ်ပါတယ်။ မကွယ်လွန်ခင်အချိန်အထိ သာသနာပြုလုပ်ငန်းများစွာ ဆောင်ရွက်ခဲ့တဲ့ မြွေမယ်တော်ကြီးဖြစ်တာကြောင့် သူမရဲ့ ပဌာန်းဆက် သာသနာပြုသက်တမ်း ကုန်ဆုံးသွားခဲ့ပြီ ဖြစ်တယ်လို့လူအများက သုံးသပ်ထားကြပါတယ်။ ဒါကြောင့်လည်း နောင်ဘဝမှာ လူ့ဘဝကို ပြန်လည်ဝင်စားနိုင်စေဖို့အတွက် ဆုတောင်းပေးထားကြပါတယ်။

Crd to Original Uploader
Crd to Original Uploader
Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T