တစ်မြို့လုံးနီးပါး မှောင်မည်းသွားခဲ့ရတဲ့အထိ လေထုညစ်ညမ်းမှုတွေ ဆိုးရွားစွာ ဖြစ်ပေါ်နေတဲ့ ဘန်ကောက်မြို့

//s9.kh1.co/f5/f5cae8100a975010badf9163309c85c12fbbb7c2.jpg
နေ့စဉ်သတင်းများ

 ၂၂-အောက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၂ နှစ် က

.

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ လေထုညစ်ညမ်းမှု (PM 2.5)ဖုန်မှုံ့များ မြင့်တက်လျက်ရှိနေကြောင်း The Standard သတင်းက ဖော်ပြလာခဲ့ပါတယ်။ ထိုင်း လေထုညစ်ညမ်းမှု ထိန်းချုပ်ရေးဌာန (PCD) မှ ထုတ်ပြန်ရာမှာ ဘန်ကောက်မြို့က လေထုညစ်ညမ်းမှု မြင့်တက်မှုအဆင့်ဟာ အောက်တိုဘာ (၂၀) မှ (၂၂) ရက်အထိ နိမ့်နိုင်ဖွယ်ရှိပေမယ့် အောက်တိုဘာ (၂၃) ရက် နောက်ပိုင်းမှသာ ရာသီဥတု ကောင်းမွန်လာမယ်လို့ ခန့်မှန်းထားကြပါတယ်။

Photo Credit - The Standard
Photo Credit - The Standard
Photo Credit - The Standard
Photo Credit - The Standard
Photo Credit - The Standard
Photo Credit - The Standard

ထိုင်းနိုင်ငံရဲ့ လေထုအရည်အသွေးဟာ အောက်တိုဘာ (၂၁) ရက်တွင် PM2. 5 တွေ့ရှိပြီးနောက် ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာရဲ့ ပြောရေးဆိုခွင့်ရှိသူ Thanakorn Wangboonchana က IQAir Websiteမှာ ပြည်သူများအတွက် စိုးရိမ်မိကြောင်းကိုလည်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Photo Credit - The Standard
Photo Credit - The Standard
Photo Credit - The Standard
Photo Credit - The Standard
Photo Credit - The Standard
Photo Credit - The Standard

အထူးသဖြင့် လေထုညစ်ညမ်းမှုတွေ ဖြစ်ပေါ်နေတဲ့ နေရာတွေမှာ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များကို မလိုအပ်ဘဲ အပြင်မထွက်​ဖို့ တားမြစ်ထားသလို ကျန်းမာရေးနှင့်ညီညွတ်တဲ့ နှာခေါင်းစည်းများကို သေချာစွာတပ်ဆင်ကြဖို့နဲ့ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဌာနများနှင့်အတူ အဆိုပါ ဒေသရှိ ဖုန်မှုန့်များ အခြေအနေကို အနီးကပ် စောင့်ကြည့်ရန်၊ ပြည်သူတွေကို အချိန်မှန်မှန် အကြောင်းကြားပါ” ဟု Thanakorn က ထုတ်ပြန်ထားခဲ့ပါတယ်။

Photo Credit - The Standard
Photo Credit - The Standard
Photo Credit - The Standard
Photo Credit - The Standard
Photo Credit - The Standard
Photo Credit - The Standard

သတင်း အရင်းအမြစ်The Standard

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T