ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိ မဟာဗန္ဓုလလမ်းပေါ် ၄၇ လမ်းနှင့် ၄၈ လမ်းကြားရှိ KBZ ဘဏ်ခွဲ ဓားပြတိုက်ခံရ

//s9.kh1.co/98/98a4233e2c66ccab67decd1bec9caec5f716f0c5.jpg
နေ့စဉ်သတင်းများ

 ၂၂-အောက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၂ နှစ် က

သေနတ်ကိုင်ထားတဲ့ လူ ၆ ယောက်က ဘဏ်အတွင်းဝင်ရောက်ပြီး ဘဏ်တံခါးတွေကို ပိတ်ခိုင်းကာ ......

ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိ မဟာဗန္ဓုလလမ်းပေါ် ၄၇ လမ်းနှင့် ၄၈ လမ်းကြားရှိ KBZ ဘဏ်ခွဲမှာ ‌နေ့လယ်ကြောင်တောင်ချိန် ယနေ့နေ့လယ် ၁ နာရီဝန်းကျင်ခန့်က ဓားပြတိုက်ခံရကြောင်း သိရပါတယ်။

သေနတ်ကိုင်ထားတဲ့ လူ ၆ ယောက်က ဘဏ်အတွင်းဝင်ရောက်ပြီး ဘဏ်တံခါးတွေကို ပိတ်ခိုင်းကာ ကောင်တာစားပွဲပေါ်ရှိငွေကျပ် သိန်း ၃၀၀၀ ကိုလုယက်သွားတာပါ။ ဒါ့အပြင် ဘဏ်မှာ ငွေလာထုတ်သူ ၆ ယောက်ရဲ့ ဖုန်းတွေကိုလည်း လုယူသွားပြီး ကားအဖြူတစ်စီးနဲ့ မောင်းပြီး ထွက်ပြေးသွားတာဖြစ်တယ်လို့ ​ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 

"တိုက်သွားတာ မျက်နှာဖုံးစွပ်နဲ့ငါးယောက်လို့လဲ ကြားရတယ် သေချာတော့မသိလိုက်ဖူး စစ်ကောင်စီက ဝရုန်းသုံးကားနဲ့ရောက်လာမှ ဓါးပြတိုက်သွားမှန်းသိတာ လူတွေကတော့အစုံပြောနေတာပဲ ဖြစ်သွားမှန်းမသိတောင်မသိလိုက်ဖူး ။ ခုတော့ ပိတ်စစ်နေတယ် ဗန္ဓုလတံတားမှာရော"လို့ အနီးအနားမှာရှိနေခဲ့တဲ့ ဒေသခံတစ်ဦးမှ သိရပါတယ်။

Photo Credit : Original Uploader 
Photo Credit : Original Uploader 

လက်ရှိမှာတော့ ဘဏ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေက စစ်ဆေးမှုတွေ ဆောင်ရွက်နေပြီး မဟာဗန္ဓုလမ်း ပေါ်တွင် လမ်းတခြမ်းကို ပိတ်ထားကာ လုံခြုံရေးတပ်ဖွဲ့ဝင်များက အသင့်အနေအထားဖြင့် စောင့်ဆိုင်းစစ်ဆေးခြင်းများ လုပ်ဆောင်နေကြပါတယ်။

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T