အစ္စရေးကမ်းရိုးတန်းမှာ ရေငုပ်သမားတစ်ဦး ရှာဖွေတွေ့ရှိခဲ့တဲ့ နှစ်ပေါင်း (၉၀၀) သက်တမ်းရှိ ရှေ့ဟောင်း ခရူးဆာဒါးဓားတစ်ချောင်း

//s9.kh1.co/4d/4da5c09023c3550b07810acafc2b06a14710b318.jpg
နေ့စဉ်သတင်းများ

 ၂၂-အောက်-၂၀၂၁ ၅pm · လွန်ခဲ့သော ၂ နှစ် က

.

အစ္စရေးနိုင်ငံ မြောက်ပိုင်း ပင်လယ်ကြမ်းပြင်တွင် အောက်တိုဘာ (၉) ရက်နေ့က အပျော်တမ်း ရေငုပ်သမားတစ်ဦးဟာ နှစ်ပေါင်း (၉၀၀) သက်တမ်းရှိတဲ့ ရှေ့ဟောင်းခရူးဆိတ်ဓားတစ်ချောင်းနှင့် အခြားရှေးဟောင်းပစ္စည်းများကို တွေ့ရှိခဲ့ကြောင်း Israel Antiquities Authority (IAA) မှ တနင်္လာနေ့တွင် ထုတ်ပြန်လာခဲ့ပါတယ်။ ခရူးဆိတ်ဓားဟာ (၃)ပေထိရှည်ပြီး ကမ်းစပ်မှ မီတာ ၂၀၀ (၆၅၆ ပေ) အနက် လေးမီတာ (၁၃ ပေ)မှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

Photo Credit - CNN
Photo Credit - CNN

ပင်လယ်ကြမ်းပြင်ကနေ ရှာဖွေတွေ့ရှိချိန်မှာတော့ အဆိုပါဓားဟာ ကျောက်တုံးများနှင့် ခရုအခွံများကပ်နေခြင်းကြောင့် လောလောဆယ် အလေးချိန်မှာ ၅-၆ ကီလိုဂရမ် (၁၁-၁၃ ပေါင်) ဝန်းကျင်ရှိပေမယ့် ဓားဟာ အလေးချိန် ၁-၂ ကီလိုဂရမ် (၂.၂-၄.၄ ပေါင်) ရှိနိုင်တယ်လို့ ပညာရှင်များက ဆိုထားကြပါတယ်။

Photo Credit - CNN
Photo Credit - CNN

ဓားကို တွေ့ရှိထားတဲ့ ရေငုပ်သမားကတော့ ဓားအား သန့်စင်ရန် IAA ဓာတ်ခွဲခန်းများသို့ ပေးပို့သွမှာဖြစ်ပါတယ်။ IAA ညွှန်ကြားရေးမှူးချုပ် Eli Escosido ကတော့ "ဓားကို အစ္စရေးရှေ့ဟောင်းပစ္စည်း အာဏာပိုင်ဓာတ်ခွဲခန်းမှာ သန့်စင်ပြီး သုတေသနပြုပြီးတာနဲ့ အများပြည်သူ အနီးကပ်ပိုမို လေ့လာလို့ရအောင် ပြတိုက်မှာ ထုတ်ဖော်ပြသဖို့ ရှိတယ်လို့ ဆိုပါတယ်။

Photo Credit - CNN
Photo Credit - CNN

သတင်း အရင်းအမြစ်Source - CNN

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T