Squid Game ထဲမှာပါတဲ့ Red Line, Green Line လို့ အော်တဲ့ အရုပ်မလေး

//s9.kh1.co/bd/bdaf805ff819d6ab484a9c81b087e2ccaa0d5341.png
နေ့စဉ်သတင်းများ

 ၂၆-အောက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၂ နှစ် က

Squid Game ထဲမှာပါတဲ့ Red Line ,Green Lineလို့ အော်တဲ့ အရုပ်မလေး

Squid Game ဇာတ်ကားထဲမှာပါတဲ့ Red Line ,Green Line လို့အော်တဲ့ အရုပ်မလေးကို အောက်တိုဘာ ၂၆ ရက်ကနေစပြီး ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရဲ့ အိုလံပစ်ပန်းခြံမှာ ၃လကြာ အများပြည်သူတွေ ကြည့်ရှုဖို့အတွက် ပြသသွားမှာဖြစ်ပါတယ်။

Photo Credit - Google
Photo Credit - Google
Photo Credit - Google
Photo Credit - Google

Squid Gameလို့ဆိုလိုက်တာနဲ့ သည်းထိတ်ရင်ဖိုသွေးအေးအေးနဲ့ ကြည့်ရှုရတဲ့ ဇာတ်ကားလို့ အားလုံး‌ ပြေးမြင်မိကြမှာပါ။ဒီဇာတ်ကားထဲမှာဆိုရင် 45.6 billion won ဆုကြေးအတွက် ပဟေဠိဆန်ဆန် ‌Survival Game ကို ကစားကြတဲ့ လူတစ်စုကို တွေ့ရမှာ ဖြစ်ပြီး ဒီ Squid Game မှာ  Level များစွာပါရှိပြီး ပြိုင်ပွဲဝင်တွေထဲက တစ်ဦးတည်းသောလူကသာ နောက်ဆုံး Level ကိုရောက်ရှိကာ အသက်ရှင်ကျန်ရစ်ပြီး ဆုကြေး‌‌ငွေကို ရရှိသာ ဖြစ်ပါတယ်။

Photo Credit - Google
Photo Credit - Google

Squid Game ဇာတ်ကားရဲ့ ပထမဆုံးဂိမ်းဖြစ်တဲ့ Red Line, Green Line ကစားနည်းဟာ ဆိုရင် 

ကလေးဘဝက ဆော့ခဲ့တဲ့ ရုပ်သေ ရုပ်ရှင် ကစားနည်းနဲ့ အတူတူပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာတော့ အရုပ်မလေးက ကစားသမား‌ တွေကို ကျောပေးထားတဲ့အချိန်မှာ ကစားသမား‌ တွေက မိမိရောက်နေတဲ့နေရာကနေ ရွေ့ရမှာ ဖြစ်ပြီး အရုပ်မလေး လှည့်ကြည့်လိုက်တာနဲ့ တစ်ပြိုင်နက် ရောက်ရှိတဲ့နေရာမှာလုံးဝမလှုပ်မရှားပဲ ရပ်နေရတဲ့ ဂိမ်း ဖြစ်ပါတယ်။တကယ်လို့ အရုပ်မလေး လှည့်ကြည့်လိုက်တဲ့အချိန်မှာ ကစားသမားက လှုပ်ရှားနေခဲ့တယ်ဆိုရင် သေနတ်နဲ့ အပြစ်ခံရပြီး အသက်ပါ ဆုံးရှုံးတဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ်။

Photo Credit - Google
Photo Credit - Google

Squid Game ဆိုတာလမ်းပေါ်က ဂိမ်းတစ်ခုဖြစ်ပြီး ‌ဂိမ်းဆော့ရတာ ရှိးရှင်းပေမဲ့လည်း အသက်နဲ့လောင်းကြေးထပ်ထားရတဲ့ ဂိမ်းဆိုတာကို Squid Game ဇာတ်ကားကြည့်ရင် တွေ့နိုင်မှာ ဖြစ်ပါတယ်။

Photo Credit - Google
Photo Credit - Google
Hsu Ei Khin
Arche

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T