မြန်မာနယ်နိမိတ်အတွင်း ကျူးကျော်လာတဲ့ တရုတ်နယ်ခြားခြံစည်းရိုးကို ထပ်မံဖြိုချဖျက်စီးခဲ့ရတဲ့ ပန်ခမ်းရွာက ဒေသခံပြည်သူများ

//s9.kh1.co/e2/e27eaa10c7ff9dc0550718ce6e945df01732b1d4.jpg
နေ့စဉ်သတင်းများ

 ၂၆-အောက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၂ နှစ် က

.

မြန်မာဘက်ခြမ်းကို တရုတ်ဘက်က နယ်မြေကျူးကျော်ပြီး ခြံစည်းရိုးကာရံထားခဲ့လို့ ဒေသခံပြည်သူတွေ ထပ်မံဖြိုချပျက်စီးခဲ့ရကြောင်း ကြားသိရပါတယ်။မူဆယ်မြို့နယ်၊ ပန်ခမ်းရွာဘက်ရှိ မြန်မာ - တရုတ်နယ်စပ်မှာ တရုတ်ဘက်ကနေ မြန်မာနယ်နိမိတ်အတွင်း ကျူးကျော်ပြီး နယ်ခြားစည်းရိုးခတ်ထားခဲ့တာ ဖြစ်ပါတယ်။ အောက်တိုဘာ (၂၅) ရက်နေ့ကတော့ ဒေသခံတွေကသွားရောက်ပြီး ခတ်ထားတဲ့ ခြံစည်းရိုးများကို ဖြိုချဖျက်စီးလိုက်တာ ဖြစ်ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

အခုလို တရုတ်ဘက်က နယ်နိမိတ်ကျူးကျော်ကာ စည်းရိုးကာရံတာတွေကို မူဆယ်၊ နမ့်ခမ်း တစ်ဖက်ကမ်းရှိ ရွာပေါင်း (၁၉) ရွာက လက်မခံတဲ့အပြင် မကြာခဏ ပြန်ဖျက်တာတွေလည်းရှိတယ်လို့ သိရပါတယ်။ အလားတူ စက်တင်ဘာ (၁၂ )ရက်နေ့ကလည်း မူဆယ်မြို့နယ်၊ မန်ဟီးရိုးမြို့နယ်ခွဲ၊ ဟက်ဟင်ရွာဘက်မှာ တရုတ်ဘက်က နယ်မြေကျူးကျော် လာခတ်တာကြောင့် ဒေသခံများဟာ ဆန္ဒပြပြီး စည်းရိုးတွေကို ပြန်ဖျက်ခဲ့ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ဒါ့အပြင် အောက်တိုဘာ (၁၈) ရက်လောက်ကလည်း နမ့်ခမ်းမြို့နယ်၊ နောင်ခမ်းကျေးရွာဘက်မှာ တရုတ်ဘက်က နယ်မြေကျူးကျော်ပြီး ခြံစည်းရိုး ထပ်မံခတ်လာခဲ့လို့ ဒေသခံတွေသွားရောက် ဖျက်ခဲ့တာလည်း တွေ့ရပါတယ်။ အခုနှစ် အတွင်းမှာတော့ တရုတ်ဘက်ကနေ နယ်စပ်ဒေသတွေမှာ နယ်မြေကျူးကျော်ပြီး နယ်ခြားစည်းရိုးခတ်တာကို အကြိမ်ကြိမ် ပိုမိုတိုးချဲ့လာကြောင်း သိရပါတယ်။

သတင်း အရင်းအမြစ်Source - Original Upload

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T