မတူညီသော လူသားမျိုးစိတ်များစွာဟာ လွန်ခဲ့သော နှစ်ပေါင်း ၂သန်းခန့် ကတည်းက ကမ္ဘာပေါ်တွင် ယနေ့လူသားများကဲ့သို့ လမ်းလျှောက်ကာ လှုပ်ရှားသွားလာလျက်ရှိ ကြောင်း ကောက်ချက်သစ်ကို ချခဲ့ကြပါတယ်။ ဒီစိတ်ကူးကုိ ဂျော်ဂျီယာနိုင်ငံက ဘူမိပညာရှင်တစ်စုက နှစ်ပေါင်း ၁ ဒဿမ ၈ သန်း သက်တမ်းရှိ ဒမန်းနစ်ဦးခေါင်းခွံ တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ရာမှ စတင်ခဲ့ပါတယ်။ နောက်ဆုံး တွေ့ရှိထားသော ဦးခေါင်းကျောက်ဖြစ်ရုပ်ကြွင်းဟာ အာဖရိကနှင့် ယူရေးနီးရှားတွင် တွေ့ရတဲ့ တစ်စိတ်တစ်ပိုင်း ရုပ်ကြွင်းထက်ပိုပြီး ပြည့်စုံနေပါတယ်။
Science ဂျာနယ်တွင် ဖော်ပြချက်မှာ လူသားမျိုးစိတ်ရင်းများဖြစ်တဲ့ ဟိုမိုဟာလ်လစ်၊ ဟိုမိုရူဒိုလ်ဖန်ဆစ်နှင့် ဟိုမိုအဲရ်တက်စ် စတဲ့မျိုးစိတ်များဟာ ယနေ့ခေတ် လူသားတို့ရဲ့ ဖြစ်စဉ်ကို ဦးတည့်ပြီး ရှေးအခါက ရှင်သန်နေထိုင်ခဲ့ကြကြောင်း ဖော်ပြထားပါတယ်။ လွန်ခဲ့သော ရှစ်နှစ်ခန့်က အာဖရိကမှာ တွေ့ရတဲ့ လူသားကျောက်ဖြစ် ရုပ်ကြွင်းဟာ နှစ် ၂ ဒဿမ ၄ သန်း သက်တမ်းရှိသဖြင့် သက်တမ်းပိုရင့်ေပမယ့်လည်း ယခုရုပ်ကြွင်းကဲ့သို့ ပြီးပြည့်စုံမှု မရှိပါဘူး။ ဂျော်ဂျီယာနိုင်ငံ Tbilisi မြို့ ဂျော်ဂျီယာ အမျိုးသားပြတိုက် ပညာရှုင် David Lordkipanidze က သူတို့အဖွဲ့ဟာ ရှေးကျတဲ့ ဟိုမိုမျိုးစိတ်များအတွက် အကောင်းဆုံး အထောက်အထားကို ရရှိထားကြောင်း၊ တစ်ချိန်က လူသားတို့ရဲ့ အရင်းအမြစ်ကို ဖော်ထုတ်ရာတွင် မရေရာမှုများ ရှိေပမယ့်လည်း ယခုအခါ ဟိုမိုမျိုစိတ်များက လက်ရှိလူသားတို့ရဲ့ အဖြစ်သို့ ဦးတည်နေတာကို ရှင်းလင်းစွာ တွေ့ရကြောင်း ပြောခဲ့ပါတယ်။
ဒါပေမယ့် အချို့သော ပညာရှင်များကမူ ကောက်ချက်သစ်ကို လက်မခံကြပါဘူး။ ယခုဘူမိဗေဒ သုတေသီ အဖွဲ့တစ်ဖွဲ့မှ တွေ့ရှိခဲ့တဲ့ ဦးခေါင်းခွံတွေက သွားများကြီးခြင်း၊ မျက်နှာပြင် ရှည်ခြင်း တို့ဟာ ဟိုမိုဟာလ်လစ်မျိုးစိတ်ဘက်သို့ ရောက်နေပြီး သေးငယ်တဲ့ ဦးခေါင်းခွံမှာ ဟိုမိုအဲရ်တက်စ် သဘာဝနှင့် အလွန်နီးစပ် နေပါတယ်။ ဒါ့အပြင် နောက်ဆုံးရှာဖွေတွေ့ရှိမှုက ရလာတဲ့ ဦးခေါင်းခွံဟာ ကမ္ဘာပေါ်တွင် တွေ့ဖူးသမျှ ရုပ်ကြွင်းများအနက် လူသားဦးခေါင်းနှင့် အတူဆုံးဖြစ်နေပါတယ်။ ခေါင်းပုံစံတွေ မတူညီတာကတော့ လူသားတွေအတွက် စဉ်းစားစရာပါပဲ။
သတင်း အရင်းအမြစ်៖ History