ခိုကိုးရာမဲ့ဖြစ်နေတဲ့ ကလေးလေးနှစ်ဦးကို ခေါ်ယူမွေးစားလိုက်တဲ့ ပရဟိတမင်းသမီးခိုင်နှင်းဝေ

//s9.kh1.co/f9/f94a0463bc83d9cebfaa6ccf7289b3cb0e531bab.png
အနုပညာရှင်များ

 ၂၆-အောက်-၂၀၂၁ ၈pm · လွန်ခဲ့သော ၂ နှစ် က

ခိုကိုးရာမဲ့ဖြစ်နေတဲ့ ကလေးလေးနှစ်ဦးကို ခေါ်ယူမွေးစားလိုက်တဲ့ ပရဟိတမင်းသမီးခိုင်နှင်းဝေ

ပရဟိတအလုပ်တွေက်ို တက်တက်ကြွကြွနဲ့ လုပ်ကိုင်နေတဲ့ ပရဟိတ မင်းသမီးခိုင်နှင်းဝေကတော့ အောက်တိုဘာ ၂၆ ရက်နေ့တစ်ရက်တည်းမှာပဲ သားလေးတစ်ယောက်နဲ့ သမီးလေးတစ်ယောက် မွေးစားဖြစ်ကြောင်းကို သူမရဲ့ လူမှုကွန်ယက်ပေါ်ကနေ ‌မကြာသေးခင်က ဝေမျှလာခဲ့ပါတယ်၊၊

Photo Credit - Khine Hnin Wai's Facebook
Photo Credit - Khine Hnin Wai's Facebook

သူမ မွေးစားဖြစ်တဲ့ သားလေးကတော့ ရန်ကင်း ၈ရပ်ကွက်၊မဥ္ဇူ ၂ လမ်းထဲမှာ စွန့်ပစ်ခံထားရတဲ့ မွေးကာစ သားလေးဖြစ်ပြီး သမီးလေးကတော့ မင်္ဂလာဒုံစစ်ဆေးရုံမှာ လွန်ခဲ့တဲ့ ၆လကတည်းက အသက် ၁၉ နှစ်အရွယ်ရှိတဲ့ ‌မိခင်မှ မွေးဖွားပြီး စွန့်ပစ်ခဲ့တဲ့ ကလေးလေးဖြစ်ပါတယ်။

Photo Credit - Khine Hnin Wai's Facebook
Photo Credit - Khine Hnin Wai's Facebook

ကလေးလေးဟာ မွေးဖွားပြီးကာစမှာ ကိုယ်အလေးချိန် တစ်ပေါင်ကျော်ပဲ ရှိသည့်အတွက်  ဆေးရုံရှိ ဆရာဝန်များ၊ဆရာမများက ၆ လ ကြာသည်အထိ ‌ကျန်းမာရေးအခြေအ‌နေကို စိတ်ချရသည်အထိ စောင့်ရှောက်ပေးခဲ့ရပါတယ်။ယခုအခါမှာတော့ ကလေးလေးဟာ ကျန်းမာရေးအခြေအနေစိတ်ချရပြီဖြစ်တဲ့အတွက်  သူမကို ‌ဆက်လက်တာဝန်ယူ‌ မွေးစားပေးဖို့ အကူအညီ တောင်းခံလာတဲ့အတွက် သူမအနေနဲ့ ‌‌‌ဂေဟာမှာ စောင့်ရှောက်ပေးသွားမှာ ဖြစ်ကြောင်း မျှဝေလာခဲ့ပါတယ်၊၊

Photo Credit - Khine Hnin Wai's Facebook
Photo Credit - Khine Hnin Wai's Facebook

ခိုင်နှင်းဝေဟာ ယခုလက်ရှိမှာ ခိုင်နှင်းဝေရင် သွေးလေးများ ဂေဟာကို ထူထောင်ထားပြီးခိုးကိုးရာမဲ့ ဖြစ်နေတဲ့ ကလေးလေးများကို အမေလိုရော အဖေလိုရောပါ  စေတနာအပြည့်ဖြင့် နွေးထွေးမှုတွေပေးနေတဲ့အပြင် မွေးရာပါ ‌ရောဂါများပါတဲ့ မွေးကင်းစ ကလေးလေးများကိုလည်း ဆေးကုသစာရိတ် အကုန်အကျခံကာကုသပေးနေသူ တစ်ဦးလည်း ဖြစ်ပါတယ်၊၊

သတင်း အရင်းအမြစ်Khine Hnin Wai

Hsu Ei Khin
Arche

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T