ကြွေရုပ်လေးလို လှပတဲ့ မင်းသမီးလေး IU

//s9.kh1.co/17/17458f4edf0c25cd7ef7cb61f2ad44f6f13c22ee.png
အနုပညာရှင်များ

 ၂၇-အောက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၂ နှစ် က

ကြွေရုပ်လေးလိုလှပတဲ့မင်းသမီးလေး IU

ကြွေရုပ်လေးလို အပြစ်ပြောစရာမရှိအောင် လှပတဲ့ မင်းသမီးလေး IU ကို အားလုံးသိကြမယ်ထင်ပါတယ်။သူမဟာ အဆိုပိုင်းတင်သာမက သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်သူတစ်ဦးလည်းဖြစ်ပါတယ်၊၊ဒီတစ်ခါမှာတော့ လူတွေ သိပ်မသိသေးတဲ့ IU အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်၊၊

Photo Credit - Google
Photo Credit - Google

IUကို ၁၉၉၃ ခုနှစ် မေလ ၁၆ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံရဲ့ ဆိုးလ်မြို့မှာ မွေးဖွားခဲ့ပါတယ်၊၊သူမရဲ့ နာမည်အရင်းကတော့ Lee Ji - Ean ဖြစ်ပြီး ယခုဆိုရင် IU ဟာ အသက် ၂၈ နှစ်ပြည့်ပြီးတဲ့ မင်းသမီးလေးဖြစ်ပါတယ်၊၊သူမရဲ့ ‌အနုပညာ နာမည်ကတော့ IU ဖြစ်ပါတယ်။မွေးချင်းမောင်နှမဆိုရင် သူမမှာ မောင်လေးတစ်ယောက်သာ ရှိပါတယ်။သူမရဲ့ သွေးအမျိုးအစားက Oသွေးဖြစ်ပြီးတော့ သူမရဲ့ Zodiac Sign ကတော့ Tauyus ဖြစ်ပါတယ်။

Photo Credit - Google
Photo Credit - Google

IU ဟာ အရပ် ၅ပေ ၃ လက်မ ရှိပြီး ကိုယ်အလေးချိန်ကတော့ ၁၀၃ ပေါင်ရှိတဲ့ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။သူမဟာ Dongduck မိန်းကလေးအထက်တန်းကျောင်းမှာ တက်ရောက်ခဲ့ပြီး အဲ့ကျောင်းကနေပဲ ဘွဲ့ရခဲ့ပါတယ်။IU ဟာ ၇တန်းအရွယ်လောက်ကတည်းက အဆိုတော်တစ်ဦး ဖြစ်ချင်ခဲ့တယ်လိုဆိုပါတယ်။သူမဟာ Audition ‌အကြိမ် ၂၀ လောက်ဝင်ပြိုင်ဖူးခဲ့ပြီး တစ်ကြိိိမ်

မှ အရွေးချယ်မခံရဘူးလို့ဆိုပါတယ်။သူမဟာ နာမည်ကြီး Entertainment တစ်ခုဖြစ်တဲ့ JYB မှာ

 Audition ‌ဖြေတာမအောင်မြင်ခဲ့ပေမဲ့ သူမဟာ အရှုံးမပေးဘဲ ဆက်လက်ကြိုးစားခဲ့ရာ KaKao 

Entertainment မှာ Audition အောင်မြင်ခဲ့ပြီး Trainee ကာလဟာ ၁၀ လသာ ကြာမြင့်ခဲ့ပြီး

တစ်ကိုယ်တော် ပွဲဦးထွက်ခွင့်ရခဲ့ပါတယ်။

Photo Credit - Google
Photo Credit - Google

၂၀၀၈ ခုနှစ် စက်တင်ဘာလ 24 ရက်မှာ သူမရဲ့ ပထမဆုံး Album ဖြစ်တဲ့ Love and Found ကို 

ထုတ်ဝေခဲ့ပြီး ပရိတ်သတ်များရဲ့ အားပေးမှုကို ရရှိခဲ့ပါတယ်။IU ဟာ အဆိုပိုင်းတင်သာမက 

သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်သူတစ်ဦးပါ။သူမပါဝင် သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကား

တွေကတော့ Dream High 2(2012), Salamander Guru and the shadows(2012), You are the best (2013), The Producres(2015), Moon Lovers: Scarlet Heart; Ryeo (2016) , My Mister (2018), Persona, Hotel Del Luna(2019)တို့ပဲ ဖြစ်ပါတယ်၊၊

Photo Credit - Google
Photo Credit - Google

၂၀၁၃ ခုနှစ်မှာ အကောင်းဆုံးတက်သစ်စ မင်းသမီးဆုနဲ့ Best Couple Award ကို ဆွတ်ခူးရရှိခဲ့ပြီး ၂၀၁၆ မှာလည်း Best Couple Award ကို ဆွတ်ခူးရရှိခဲ့ပါတယ်။သူမဟာ အဆိုပိုင်းမှာဆိုလည်း ဆုပေါင်းရာကျော်နီးပါးရရှိခဲ့တဲ့ အဆိုတော်တစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit - Google
Photo Credit - Google

IU ဟာ လူတိုင်းကို ချစ်ခင်ပြီး ပရိတ်သတ်တွေကိုတန်ဖိုးထားသူတစ်ဦးလည်း ဖြစ်တာကြောင့်သူမကိုလည်း လူတိုင်းက ချစ်ခင်ကြပါတယ်။သူမအကြိုက်ဆုံးအရောင်ကတော့ ခရမ်းရောင်ဖြစ်ပြီးအကြိုက်ဆုံးနံပါတ်ကတော့ နံပါတ် ၈ ဖြစ်ပါတယ်။သူမဟာ တစ်ယောက်တည်းနေရတာကို သဘောကျနှစ်ခြိုက်သူ ဖြစ်ပါတယ်၊၊စာဖတ်တာ၊ဂစ်တာတီးတာ၊သီချင်းရေးတာတွေက သူမရဲ့ဝါသနာတွေလို့လည်း ဆိုပါတယ်။

Photo Credit - Google
Photo Credit - Google

 2021 - The Seoul's Mayor Award မှာ IU ဟာ စေတနာဝန်ထမ်းဆုကို ပူပူနွေးရရှိထားသူတစ်ဦး လည်းဖြစ်ပါတယ်၊၊သူမဟာ ပွဲဦးထွက်အချိန်ကတည်းက‌နေ လှူဒါန်းမှုတွေ ပြုလုပ်လာတာဟာ အခုချိန်ထိ ခန့်မှန်းငွေစုစုပေါင်း ကိုရီးယား ဝမ် ၂.၉ ဘီလီယမ်အထိ ရှိနေပြီ ဖြစ်ပါတယ်။

Hsu Ei Khin
Arche

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T