ယနေ့အောက်တိုဘာ(၂၇)ရက်နေ့ မနက်ပိုင်းမှာ မီးလောင်မှုများဖြစ်ပွားခဲ့တဲ့ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်

//s9.kh1.co/8b/8b5d46a2fa37c050935808c119ae33b3a142cd35.jpg
နေ့စဉ်သတင်းများ

 ၂၇-အောက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၂ နှစ် က

အချိန်မှီငြိမ်းသတ်နိုင်ခဲ့တယ်ဆိုပေမယ့်...... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

ယနေ့ အောက်တိုဘာ(၂၇)ရက်နေ့ သန်းခေါင်ကျော် မနက်အစောပိုင်း အချိန်က  ရှမ်းပြည်နယ်၊ မူဆယ်မြို့၊ (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ မီးလောင်မှုကို မူဆယ်ခရိုင် မီးသတ်စခန်း နှင့် မူဆယ်မြို့နယ် မီးသတ်စခန်း မှ အရေးပေါ်အနေနဲ့ မီးသွားရောက် ငြိမ်းသတ်ခဲ့ရတာဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

မူဆယ်ခရိုင် မီးသတ်စခန်း မှ မီးသတ်ယာဉ်(၃)စီး၊ မူဆယ်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၃)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ကြပါတယ်။ထိုသို့ မီးငြိမ်းသတ်ခဲ့ရာ  မနက် (၁) နာရီ (၂၅) မိနစ်မှာ မီးထိန်းနိုင်ခဲ့ပြီး (၁) နာရီ  (၅၀) မိနစ် မှာ မီးငြိမ်းသွားတယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

မီးစတင်လောင်ကျွမ်းတဲ့ အကြောင်းရင်းနဲ့ ပျက်စီးဆုံးရှုံးမှု ပမာဏကိုတော့ အခုချိန်ထိ မသိရသေးဘူးလို့လည်း ကြားသိရပါတယ်။ ယခုလို ရာသီအပြောင်းအလဲ ကာလတွေမှာ မြန်မာနိုင်ငံအနှံ့ မီးလောင်ကျွမ်းမှုများ ပိုမို ဖြစ်ပွားလာတဲ့အတွက် သတိထားကြဖို့ ပြောကြားရင်း ဒီသတင်းကိုရေးသားဖော်ပြလိုက်ရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T