ချိုလင်ကြည်မြတဲ့ အသံနဲ့ ပရိတ်သတ်တွေရဲ့ ရင်ထဲနေရာယူထားသူတစ်ဦးကတော့ ပရိတ်သတ်အချစ်တော် အဆိုတော် ရေဗက္ကာဝင်းပဲဖြစ်ပါတယ်။သူမဟာ တေးဿီချင်းပေါင်းများစွာကို သီဆိုခဲ့တာဖြစ်ပြီး သူမသီဆိုခဲ့တဲ့တေးသီချင်းတိုင်းဟာ ပရိတ်သတ်ရဲ့ အားပေးမှုအပြည့်အဝရရှိထားတာပဲဖြစ်ပါတယ်။
သူမဟာ အနုပညာလောကမှာအောင်မြင်ခဲ့ပေမယ့် အိမ်ထောင်ရေးမှာတော့ အဆင်မပြေမှုများရှိခဲ့တာကြောင့် သူမရဲ့ အိမ်ထောင်နဲ့ ကွာရှင်းမှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဒါ့ကြောင့်ပရိတ်သတ်များအနေနဲ့ ထိုသတင်းကို ကြားခဲ့ရစဉ်အခါက အလွန်စိတ်မကောင်းဖြစ်ခဲ့ကြရပါသေးတယ်၊။
သို့ပေမယ့် လက်ရှိမှာ သူမဟာ အရင်ထက်တောင်ပိုမိုနုပျိုလှပပြီး လုံးဝ လူအသစ်တစ်ယောက်လို ပြောင်းလဲသွားတာကြောင့် ပရိတ်သတ်များအနေနဲ့ အရမ်းကို ဝမ်းသာပျော်ရွှင်နေကြတာဖြစ်ပါတယ်။ပရိတ်သတ်တွေက သူတို့ချစ်ရတဲ့ အဆိုတော် မရေဗက္ကာဝင်းတစ်ယောက်အနေနဲ့အခုလိုပြန်လည်လှပပြီး လန်းဆန်းတက်ကြွနေရတာကိုမြင်ရတာအရမ်းကိုပျော်ရွှင်နေကြတာဖြစ်ပါတယ်။