လူတွေကို ‌သေစေနိုင်လောက်တဲ့အထိ အန္တရာယ်ကြီးတဲ့ ခြင်္သေ့ငါး

//s9.kh1.co/05/05250ba3dcf60c7107be279150b9f0e979ee9fc7.jpg
ဗဟုသုတအဖြာဖြာ

 ၀၁-ဒီ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

.

ပင်လယ်တွေ သမုဒ္ဒရာတွေဟာ ထူးဆန်းမူတွေ ထူးခြားတဲ့ သတ္တဝါတွေ အရာဝတ္ထုတွေနဲ့ ပြည့်နှက်နေတတ်ပါတယ် အန္တရာယ်တွေရော အလှအပတွေ‌ရောနဲ့ ပြည့်စုံနေတဲ့ ပင်လယ်ကြီးမှာ ရေနက်လေ ပိုအံ့သြဖို့ကောင်းလေ ဖြစ်တဲ့ သတ္တဝါတွေကို တွေ့ရမှာပါ အခုတင်ဆက်ပေးမှာကတော့ အဲ့လို သတ္တဝါတွေထဲကမှ လူတွေအတွက်ရော တခြား ငါးတွေ အတွက်ရော တော်တော်လေးကို အန္တရာယ်များတဲ့ ငါးတစ်ကောင် အကြောင်းကို ပြောပြပေးမှာပါ 

photo credit
photo credit

LionFish လို့ လူသိများကြတဲ့ ဒီငါးရဲ့ ဇစ်မြစ်ကတော့ အင်ဒိုပစိဖိတ်ဖက်ကပါ သူတို့ရဲ့ အပြင် ပုံပန်းက လှပတာကြောင့်  အလှမွေးငါးတွေအဖြစ် နာမည်ကြီးကြပါတယ် မျိုးစိတ်တူပြီး ပုံစံကွဲတဲ့ ငါး ၈ မျိုးလောက်ရှိပြီး ကမ္ဘာ့နေရာ အနှံ့အပြားမှာ တွေ့ရှိနိုင်ပါတယ် အနီရောင် အဖြူရောင် ခရင်မ်အရောင်နဲ့ အနက်ရောင်တို့ ရှိပါတယ် အရွယ်ရောက်ပြီးသား ငါးတစ်ကောင်ဟာဆို ၁၈ လက်မအထိ ကြီးထွားနိုင်ပြီး ငါးအမ တစ်ကောင်ဟာ တစ်နှစ်ကို ဥပေါင်း သန်းနဲ့ချီပြီး ဥနိုင်ပါတယ် ဒါကြောင့် အက်တလန်တစ် သမုဒ္ဒရာထဲမှာ ဒီငါးတွေမျိုးပွားလာနှုန်းဟာ အရမ်းမြင့်နေပြီး တော်တော်လေးကို ထိန်းချုပ်ရခက်ခဲနေပါတယ် ‌ရေနွေးစီးကြောင်းတွေထဲမှာ အဓိကတွေ့နိုင်ပြီး တစ်ကောင်ထဲဖြစ်စေ အကောင်ရေနည်းနည်းနဲ့ အုပ်စုလိုက်ဖြစ်စေ ခရီးသွားကြပါတယ် နေ့ဖက်ဆို နေရာတစ်ခုတည်းမှာ အုပ်စုလိုက် နားနေကြပြီး ညဖက်မှ အမဲလိုက်ကြပါတယ် ငါးမျိုးစိတ်ပေါင်း ၅၀ လောက်ကို အမဲလိုက်ကြပါတယ် တခြားငါးပေါင်းများစွာကို အမဲလိုက်တဲ့အပြင် ခြင်္သေ့ငါးအကောင်ကြီးတွေဟာ သူတို့မျိုးနွယ်တူ အကောင်သေးတွေကိုပါ စားကြပါတယ်

photo credit
photo credit

တော်တော်လေးကို ရန်လိုတဲ့ ငါးတွေဖြစ်ပြီး ငါးမန်းတွေနဲ့ပါ တိုက်ခိုက်တတ်ကြပါသေးတယ် ခြင်္သေ့ငါးတစ်ကောင်ကို သတ်နိုင်ရင် တခြားငါး သန်းပေါင်းများစွာကို ကယ်တင်နိုင်တာပဲလို့ ပြောစမှတ်ပြုကြပါတယ် ဒီငါးတွေရဲ့ တခြားဘယ်ငါးနဲ့မှ မတူတဲ့ အချက်ကတော့ သူ့ရဲ့  များပြားလှတဲ့ ဆူးတောင်တွေဟာ အရမ်းအဆိပ်ပြင်းတာပါ အပြင်ပန်းကြည့်ရင် တော်တော်လေးလှတဲ့ ဆူးတောင်တွေဖြစ်ပေမဲ့ အမဲလိုက်တဲ့ နေရာမှာသားကောင်ကို မစားခင် ထွက်မပြေးနိုင်အောင် ဆူးတောင်ပေါ်က အဆိပ်တွေနဲ့ ထိုးပြီးမှ စားကြပါတယ် တကယ်လို့ လူတစ်ယောက်က ခြင်္သေ့ငါးထိုးတာကို ခံရရင် ပြင်းထန်တဲ့ နာကျင်မူခံစားရတာတွေ အသက်ရှုလမ်းကြောင်းပြဿနာတွေ သတိလစ်ခြင်းတွေနဲ့ ကိုယ်လက်လှုပ်ရှားမရတာတွေထိ ဖြစ်နိုင်တာကြောင့် ကလေးငယ်တွေဆိုရင် သေနိုင်လောက်တဲ့အထိ ဖြစ်နိုင်ပါတယ် 

photo credit
photo credit

အခုအချိန်မှာတော့ ဒီငါးတွေကို ငါးပြတိုက်တွေကို ပို့ဖို့အတွက် အဓိကထား ဖမ်းဆီးနေကြသလိုပဲ တချို့ဒေသတွေမှာဆို တွေ့တာနဲ့ သတ်ပစ်တတ်ကြပါတယ် ဒီငါးက အဆိပ်ပြင်းပြီး အန္တရာယ်ကြီးတဲ့ ငါးတစ်ကောင်ဖြစ်ပေမဲ့ စားလို့လည်းရပါတယ် မြန်မာပြည်က တချို့နေရာတွေမှာလည်း ဒီငါးတွေကို တွေ့ရပါတယ် အလှမွေးငါးရောင်းဆိုင်တွေမှာလည်း မြင်ရမဲ့ မျိုးစိတ်တစ်ခုပါ ဒါပေမဲ့ ပင်လယ်ကမ်းခြေမှာ လမ်းလျှောက်နေရင်း ခြင်္သေ့ငါးတစ်ကောင်တွေ့ရင်တော့ သွားမကိုင်လိုက်ပါနဲ့ ရေထဲမှာဆိုရင် သင့်ကို မြန်မြန်ဆန်ဆန် တိုက်ခိုက်နိုင်ပြီး နှစ်ရက် သုံးရက်လောက် အိပ်ယာထဲမှာ လဲနေအောင် လုပ်ပစ်နိုင်တာကြောင့်ပါ

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T