မောင် နဲ့ ရီရီပွင့်ဖြူ တို့ချစ်သူနှစ်ဦးကတော့ မကြာခင်မှာ ချစ်သူဘဝကနေ တစ်ဆင့်တက်ပြီး ပျော်ရွှင်တဲ့ အိမ်ထောင်တစ်ခုကို ထူထောင်တော့မှာ ဖြစ်ပါတယ်။ ချစ်သူဘဝကို တစ်ယောက်ကိုတစ်ယောက် သစ္စာရှိပြီး မပြောင်းလဲတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ နှစ်လကြာရှည်စွာ ဖြတ်သန်းလာခဲ့တာ ဖြစ်ပါတယ်။ နှစ်ယောက်လုံးကလည်း စိတ်တူကိုယ်တူတွေဖြစ်ပြီး ပျော်ပျော်ပါးပါး နေတတ်တဲ့သူတွေ ဖြစ်တာကြောင့် ပရိသတ်တွေကလည်း ချစ်ခင်အားကျနေရတာပါ။
ဒီလိုချစ်ခင်အားကျရတဲ့ ချစ်သူနှစ်ဦးကတော့ ပြီးခဲ့တဲ့ရက်ပိုင်းကမှ နှစ်ဦးသဘောတူ လက်ထပ်တော့မယ်လို့ ပရိသတ်တွေကို အသိပေးထားခဲ့ပြီဖြစ်ပါတယ်။ လတ်တလောမှာ မောင်နဲ့ ရီရီပွင့်ဖြူ တို့ဟာ လက်ထပ်ဖို့အတွက် စီစဥ်ဆောင်ရွက်နေကြပြီး မကြာခင်မှာ ကြည်နူးစရာ မင်္ဂလာလက်ထပ်ပွဲလေးကို မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။
ယခုမှာတော့ မောင်တို့ချစ်သူနှစ်ဦးဟာ မင်္ဂလာနေ့မြတ်လေးမတိုင်ခင် လက်ဖွဲ့ပစ္စည်းလေးရခဲ့တာကို ကြည်နူးစွာ ဖော်ပြလာတာ တွေ့ရပါတယ်။ ဒီလက်ဖွဲ့လေးကတော့ မွန်ရိုးရာ ဟင်္သာမောင်နှံ ပန်းပု ရုပ်လေးဖြစ်ပြီး အဝေးရောက်နေတဲ့ မိတ်ဆွေတစ်ဦးက ကြိုတင်လက်ဖွဲ့ပေးခဲ့တာ ဖြစ်ပါတယ်။ မွန်ရိုးရာ ဟင်္သာမောင်နှံ ပန်းပု ရုပ်လေးကို လက်ဖွဲ့ရခဲ့လို့လည်း မောင်တို့ချစ်သူနှစ်ဦးက ပျော်ရွှင်နေရတာ ဖြစ်ပါတယ်။
သတင်း အရင်းအမြစ်៖ Source - SEIN PHYO & YI