ဖြူစင်သန့်ရှင်းတဲ့ မေတ္တာနဲ့ ကလေးတစ်ယောက်ကို ပြုစု ပျိုးထောင်နေတဲ့ မင်းသား နေဒွေး

//s9.kh1.co/58/5818fd7f92787596dc4d0149897fad9023ee188b.jpg
အနုပညာရှင်များ

 ၀၁-ဒီ-၂၀၂၁ ၁pm · လွန်ခဲ့သော ၂ နှစ် က

.

ပြည်သူ့အသည်းကျော် ရုပ်ရှင်မင်းသား နေဒွေးဟာ ကလေးတစ်ယောက်ကို မွေးစားမှာ ဖြစ်တဲ့အကြောင်း မနေ့က သိရှိခဲ့ရပါတယ်။ အဆိုပါ ကလေးမှာ မိဘတွေက ပြန်မလာကြတော့ဘဲ ဘွားအေကြီးနဲ့ နှစ်ယောက်တည်း ကျူးကျော်တဲလေးမှာ နေထိုင်ပြီး ဘဝကို ရုန်းကန်နေကြရရှာတာပါ။

https://s9.kh1.co/__image/w=650,h=867,q=100/eb/ebcb9f0ce3a19036f20878c59a016a112b985158.jpg

သနားစရာ မြေးအဖွားနှစ်ယောက်အကြောင်းကို သိရှိသွားတဲ့ မင်းသား နေဒွေးဟာ ကလေးရဲ့ ဘဝလေး အဆင်ပြေ တိုးတက်လာဖို့ မွေးစားခဲ့ပါတယ်။ ဒီနေ့ သူ့ရဲ့ facebook စာမျက်နှာမှာ ပရိသတ်တွေ ကြည်နူး ရစေဖို့ မြေးအဖွားနှစ်ယောက်နဲ့ တွဲရိုက်ထားတဲ့ ပုံလေးကို ခုလို ဖော်ပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=713,q=100/9d/9d68a232421b2b17df4e27487d0954eb81d13790.jpg

သူ့ရဲ့ လစဥ်ထောက်ပံ့ငွေနဲ့ အဖွားလည်း ပင်ပင်ပန်းပန်း စျေးရောင်းစရာ မလိုဘဲ ဘုရားရိပ် တရားရိပ်မှာ ငြိမ်းချမ်းစွာ နေထိုင်နိုင်ရင် သူ ဝမ်းသာ ပီတိ ဖြစ်ရပါတယ်လို့ ဆိုထားပါတယ်။ ကလေးလည်း သူပေးတဲ့ မုန့်ဖိုးနဲ့ အဖွားကို ကန်တော့နိုင်တော့ သူ ကုသိုလ်ရတာပေါ့လို့ ဆိုပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/de/dea9667250c2f2fe83edc7f26899751d8582cecd.jpg

အခုလို ဖြူစင်သန့်ရှင်းတဲ့ စေတနာ မေတ္တာတွေကြောင့် ကလေးတို့ မြေးအဖွားလည်း ငြိမ်းချမ်းပျော်ရွှင်စွာ နေနေရမှာပါ။ နောက်လည်း ခုလို ပီတိဖြစ်စရာ ကုသိုလ်လေးတွေ အများကြီး လုပ်နိုင်ဖို့ ဆုတောင်းပေးလိုက်ပါတယ်။

Eaint Yadanar Min
Eaint

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T