The Matrix ကို Unreal Engine 5 နဲ့မြင်ရမယ်

//s9.kh1.co/e0/e00632abdf552deeae288d69509fcd65472ef986.jpg
E-Sports

 ၀၈-ဒီ-၂၀၂၁ ၄pm · လွန်ခဲ့သော ၂ နှစ် က

.

Matrix ဇာတ်လမ်းတွဲရဲ့ ဗားရှင်းအမျိုးမျိုးနဲ့ မြင်ရနိုင်ပြီး ဂိမ်းတွေပေါ်မှာလည်း မျိုးစုံမြင်ရနိုင်ပါတယ် ဒီလထဲမှာပဲ Fornite ကို Matrix ရဲ့ကာရိုက်တာတွေ ရောက်ရှိလာနိုင်ပြီး Mortal Kombat ပေါ်ကိုလည်း Neo ကရောက်ရှိလာမှာပါ မင်းသားကြီး Keanu Reeves ကတော့ တလောက MK နဲ့ ပတ်သက်တဲ့ သူ့ရဲ့သဘောထားကို ပြောပြခဲ့ပါတယ် 

အခုတော့ Matrix ပရိတ်သတ်တွေအတွက် နောက်ထပ် ရင်ခုန်စရာ သတင်းတစ်ခု ပေါ်လာပါပြီ Reddit ပေါ်မှာ GamingLeakAndRumor ဆိုတဲ့ account တစ်ခုကနေ Matrix ဂိမ်းတစ်ခုရဲ့ Poster ကို ‌ချပြခဲ့တာပါ Caption ကိုတော့ “The Matrix Awakens Unreal Engine 5 Experience” ဆိုပြီးရေးထားပါတယ် 

Credit: Reddit
Credit: Reddit

ဒီပုံကို PSN ပေါ်ကနေ‌ တွေ့ခဲ့တာပါလို့ ပြောထားပြီး အသေးစိတ် အချက်အလက်တွေတော့ မသိရသေးပါဘူး PS5 အတွက် ဖြစ်လာမှာလို့တော့ သိရပါတယ် Poster ပေါ်မှာတော့ မြို့တစ်မြို့ပေါ်မှာ Matrix Code တွေ အလျားလိုက်ရှိနေတာကို မြင်ရပြီး Matrix Awakens တံဆိပ်ကိုလည်း မြင်ရပါတယ် Unreal Engine 5 အတွေ့အကြုံကိုပဲ ပြတာဖြစ်နိုင်ပြီး ဂိမ်းမဟုတ်တာလည်း ဖြစ်နိုင်ပေမဲ့လည်း သေချာပြောလို့ မရပါဘူး Unreal Engine 5 ဟာ ၂၀၂၀ ခုနှစ် မေလမှာ စထွက်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ အဲ့ဒီ အင်ဂျင်ကိုသုံးတဲ့ ဂိမ်းမရှိသေးပါဘူး

Dragon Quest XII
Dragon Quest XII
Senua's Saga:Hellblade II
Senua's Saga:Hellblade II

Dragon Quest XII နဲ့ Senua's Saga:Hellblade II တို့ကတော့ ဒီအင်ဂျင်သုံးထားပေမဲ့ အစပိုင်းပဲရှိသေးတာကြောင့် ၂၀၂၃ လောက်မှာမှ ဒီဂိမ်းတွေ မြင်ရနိုင်ပါတယ် အဲ့ဒါကြောင့် ဒီ Matrix ကလည်း ဂိမ်းဖြစ်ဖြစ် ဘာဖြစ်ဖြစ် ထွက်လာဖို့ တော်တော်လိုဦးမှာပါ ခုလထဲမှာလည်း Matrix Resurrection ထွက်လာတော့မှာပါ နောက်အပတ်ထဲမှာ ကျင်းပမဲ့ ဂိမ်းဆုပေးပွဲတွေမှာလည်း Matrix Awakens တွေကို မြင်ရနိုင်တယ်လို့ မျှော်လင့်ရမှာပါ

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T