Netflix ပေါ်က Mobile Gaming

//s9.kh1.co/34/348a200176033bf59c6b1c7da2e65ae675e80a40.jpg
E-Sports

 ၁၀-ဒီ-၂၀၂၁ ၆pm · လွန်ခဲ့သော ၂ နှစ် က

.

ကမ္ဘာပေါ်မှာ အကြီးဆုံး Movie Streaming Service တွေထဲက တစ်ခုဖြစ်တဲ့ Netflix မှာ ဂိမ်းဆော့လို့ရတဲ့ platform တစ်ခုရှိတာကို သိပါသလား ဆော့လို့ရမဲ့ ဂိမ်းတွေကတော့ Small Game လေးတွေပါပဲ ဇာတ်ကားတွေပဲ ကြည့်ရတာ ပျင်းလာလို့ နည်းနည်း အာရုံပြောင်းချင်တဲ့ ပရိသတ်အတွက် စီစဉ်ပေးထားပုံပါပဲ Gameplay ကတော့ တော်တော်လေး မိုက်တဲ့ ဂိမ်းတွေပါ

Netflix
Netflix

ပြီးခဲ့တဲ့လကမှ စတင်ခဲ့တဲ့ ဒီ Netflix Game မှာ စစချင်း Stranger Things:1984,Stranger Things 3, Shooting Hoops,Card Blast နဲ့ Teeter Up ဆိုတဲ့ ဂိမ်း ၅ မျိုး ပါဝင်ပါတယ် Stranger Things:1984 က Stranger Things:The Game နဲ့ ပုံစံတူဖြစ်ပါတယ် Netflix ဂိမ်းတွေကိုဆော့ဖို့အတွက် ဘာအပိုပိုက်ဆံမှ မကုန် ဂိမ်းထဲမှာလည်း ဘာမှထပ်ဝယ်စရာ မလိုပဲ Netflix Subscription ဝယ်ထားတာနဲ့ ဆော့လို့ရပါပြီ ကြော်ငြာတွေလည်း မြင်ရမှာမဟုတ်ပါဘူး ပုံမှန် Subscription ဆို ဂိမ်းအတွက် ဖုန်းတစ်လုံးပဲ ကစားလို့ရပြီး Standard ဆိုရင် နှစ်လုံး Premium ဆိုရင် လေးလုံး ဆော့လို့ရပါတယ်

Stranger Things 3
Stranger Things 3

ပြီးခဲ့တဲ့ ဩဂုတ်လက ဒီဂိမ်းကို ပိုလန်မှာ အစမ်းထုတ်ခဲ့ပြီး ရလဒ်ကလည်း အောင်မြင်ခဲ့ပါတယ် Night School ဆိုတဲ့ စတူဒီယိုတစ်ခုကိုလည်း ဝယ်ထားတာကြောင့် ရှေ့လျှောက် Stranger Things ဂိမ်းတွေတင်မကပဲ တခြားဂိမ်းတွေကိုပါ မြင်တွေ့ရနိုင်ပါတယ် ဝယ်လိုက်တဲ့ စတူဒီယိုရဲ့ Oxenfree ဆိုတဲ့ဂိမ်းဟာ ဒိုင်ယာလော့ပိုင်းနဲ့ ထူးထူးခြားခြား ဇာတ်လမ်းပိုင်းမှာ ကောင်းမွန်တာကြောင့် Stranger Things သာမက တခြား Netflix ဇာတ်လမ်းတွေအတွက်ပါ အဆင်ပြေလောက်ပါတယ်

Stranger Things:The Game
Stranger Things:The Game

တခြားရော ဘာဂိမ်းတွေ ထုတ်ဦးမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ အခုအချိန် Netflix ဂိမ်းတွေမှာတော့ အနည်းဆုံး ၁၀ မျိုးလောက် တွေ့ရမှာပါ ဂိမ်းကို လွယ်လွယ်ကူကူပဲ ဖုန်းရဲ့ App library ကနေ ဖွင့်လို့ရပါတယ် မိုဘိုင်းဖုန်းတွေပေါ်မှာပဲ ရသေးတာဖြစ်ပြီး Android ရော IOS ရော နှစ်မျိုးစလုံးနဲ့ အသုံးပြုနိုင်ပါတယ်  

Netflix ပုံမှန်အသုံးပြုနေပြီး ဒီဂိမ်းတွေအကြောင်း မသိသေးရင်တော့ ‌ဒီစာဖတ်ဖတ်ပြီးချင်းပဲ တန်းဆော့ကြည့်လိုက်ကြပါ  Stranger Things ဂိမ်းတွေထဲမှာ Stranger Things:The Game ကတော့ ဒီတိုင်း မိုဘိုင်းဖုန်းပေါ်မှာ ကစားလို့ရပါတယ် ‌ဂိမ်းစတူဒီယိုတစ်ခုကိုလည်း ဝယ်ထားတဲ့အပြင် အရမ်းမိုက်တဲ့ စီးရီးတွေကလည်း အများကြီးရှိတာကြောင့် နောက်ထပ် ဘယ်ဂိမ်းတွေ ဖန်တီးမလဲဆိုတာ‌ စောင့်ကြည့်နေရမဲ့ Gaming Platform တစ်ခု ဖြစ်လာမှာပါ

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T