ကင်ဆာဖြစ်နေတဲ့ Gamer တစ်ယောက်ကို Twitch ပေါ်ကလူတွေဟာ ဒေါ်လာခြောက်သောင်းလောက် ဝိုင်းလှူဒါန်းခဲ့ကြ

//s9.kh1.co/13/13e7a07e77cd394140b0f81ce1fc3fde57e742f3.webp
E-Sports

 ၂၃-ပြီ-၂၀၂၂ ၄pm · လွန်ခဲ့သော ၂ နှစ် က

ပိုက်ဆံတွေတင်အလှူလက်ခံရခဲ့တာမဟုတ်ပဲ follower တွေအများကြီးလည်းရခဲ့ပါသေးတယ်

ကမ္ဘာပေါ်က Game Streaming လွှင့်တဲ့ Platform တွေထဲမှာအကြီးဆုံးနဲ့ လူသုံးအများဆုံးဖြစ်တဲ့ Twitch ဟာတခါတလေတော့ ရက်စက်တတ်တဲ့နေရာကြီးဖြစ်ပါတယ်။Streamer ကြီးတွေကတခြားသူတွေကိုလှောင်ပြောင်တာတွေ၊ပရိသတ်တွေက အမုန်းစကားတွေနဲ့တိုက်ခိုက်တာတွေ၊ခြိမ်းခြောက်မှုတွေနဲ့ပြည့်နှက်နေတတ်တဲ့နေရာကြီးပါ။

https://s9.kh1.co/__image/w=512,h=512,q=100/c4/c477dff66823a69c77d3890baf15ee9e53637cf5.png

အမြဲတမ်းတော့ မကောင်းတဲ့နေရာကြီးမဖြစ်နေပါဘူး။ဒီရက်ပိုင်းအတွင်းမှာပဲ တကယ်အကူအညီလိုအပ်နေတဲ့ Streamer အသေးစားတစ်ယောက်ဟာ Twitch ပေါ်ကနေပြီးတော့ဒေါ်လာခြောက်သောင်းလောက်ကို ရရှိသွားခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=292,q=100/0e/0e1d23d9702ee7eb27a0d8d77055b8e6c7c2cb83.png

ဇာတ်လမ်းကတော့ Halo ဂိမ်း Streamer တစ်ယောက်ဖြစ်တဲ့ twoquickones ဆိုသူကနေစတာပါ။သူဟာ Twitch ပေါ်မှာ Streamer ငယ်တွေကိုလိုက်ရှာပြီးစိတ်ဓာတ်မကျရအောင် တစ်ဒေါ်လာစီလှူလှူပေးနေသူဖြစ်ပါတယ်။အဲ့လိုနဲ့သူဟာ Fornite ဂိမ်း Stream တဲ့ Jay Squatch ဆိုသူတစ်ဦးကိုတွေ့ခဲ့ပါတယ်။ဂိမ်းဆော့တာလည်းမဆိုး၊မုတ်ဆိတ်အထူကြီးနဲ့ Jay မှာ Follower ကတော့ ၁၀၀ လောက်ပဲရှိနေခဲ့ပါတယ်။

Twoquickones ဟာ Jay ကိုတကယ်လို့သူသာမုတ်ဆိတ်ကိုရိတ်မယ်ဆို ပိုက်ဆံဘယ်လောက်ပေးရမလဲလို့ စနောက်ခဲ့ပါတယ်။ဒါပေမဲ့ Jay ကတော့သူ့မုတ်ဆိတ်တွေကိုဆုံးရှုံးမဲ့သူပါ။သူ့မှာဆာကိုမာကင်ဆာရောဂါရှိနေတာကြောင့်ဖြစ်ပါတယ်။ကင်ဆာရှိနေတဲ့အတွက်သူဟာဓာတုကုထုံးကို ခံယူရမှာဖြစ်ပြီး အဲ့ဒါကြောင့်သူ့ခန္ဓာကိုယ်ကအမွှေးတွေအားလုံးကို ရိတ်ပစ်ရမှာပါ။ရောဂါကြောင့်သူဟာ ဆေးရုံမှာပဲတောက်လျှောက်နေရပြီး အလုပ်ကနေလည်းထွက်ခဲ့ရပါတယ်။

https://s9.kh1.co/__image/w=400,h=400,q=100/ab/ab50b4750a84aa3bcfbffd5f7e44dda87f5b5034.png

သူဟာ GoFundMe ကနေအလှူခံထားပေမဲ့အရမ်းကြီးဖြစ်ဖြစ်မြောက်မြောက်မရရှိခဲ့ပါဘူး။အဲ့ဒါကြောင့် towquickones ကသူ့ GoFundMe ကိုကူညီမျှဝေပေးခဲ့ပြီးနောက်မှာတော့ အလှူငွေဒေါ်လာခြောက်သောင်းကျော်အထိရရှိခဲ့ပါတယ်။အလှူငွေတင်မကသေးပဲ Twitch Follower ပါ ၁၃၀၀၀ လောက်ထိတက်သွားခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/2e/2eb2d6369255c0c4ef00ffe3300cf6b13fd66a4d.png

ဒါကတော့ Gaming လောကရဲ့ကြည်နူးစရာဇာတ်လမ်းလေးတစ်ခုပါ။ဒီအလှူငွေတွေဟာသူနေရာစုံမှာသုံးဖို့မလောက်ငပေမဲ့ တော်တော်လေးအသုံးဝင်တဲ့အားတစ်ခုဖြစ်သွားစေမှာတော့သေချာပါတယ်။

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T