တရုတ်နိုင်ငံမှာဖြစ်ပွားခဲ့တာပါ။ကွဲကွာခဲ့တဲ့ခင်ပွန်းဟောင်းကို စိတ်ဆိုးတာနဲ့ဘဲ သားဖြစ်သူရဲ့ငယ်ပါကိုဖြတ်ခဲ့တာပါ။ထိုခင်ပွန်းဟောင်းနဲ့ကွဲကွာခဲ့တာ တစ်နှစ်ကျော်လောက် ရှိပါပြီ။သူမမှာ လက်ရှိလဲခင်ပွန်းရှိပြီးသားပါ။

သူမယခုလိုလုပ်ခဲ့ခြင်းကြောင့် ဘာမှမသိတဲ့ကလေးမှာများစွာနာကြင်ခဲ့ရပါတယ်။

ခင်ပွန်းဟောင်းနဲ့ဆွေမျိုးတွေကတော့ သတင်းကြားကြားခြင်းပဲ ဖူကျိုးမြို့ဆေးရုံကို အမြန်ပို့ဆောင်ခဲ့ကြပါတယ်။ဆရာဝန်တွေရဲကြိုးပမ်းမှုကြောင့် ကလေးရဲ့ငယ်ပါဟာ ပြန်ကောင်းလာမှာဖြစ်ပြီး အသက်ကြီးလာတဲ့အခါဖခင်ဖြစ်ဖို့အခွင့်အရေးမဆုံးရှုံးနိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။

ကလေးရဲ့မိခင်ဟာလွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်ကပဲ ကလေးအဖေဖြစ်သူနဲ့ကွဲကွာခဲ့တာဖြစ်ပြီး လက်ရှိမှာလဲ အိမ်ထောင်သစ်ထူထောင်ထားပြီးဖြစ်ပါတယ်။

ကလေးရဲ့ ဖခင်ဘက်မှအဖွားဖြစ်သူကတော့ ဘာစိတ်ကူးပေါက်ပြီး ခင်ပွန်းဟောင်းကိုလက်စားချေချင်စိတ်နဲ့ ကိုယ်သားသမီးအပေါ်အခုလိုရက်စက်ခဲ့တာ နားမလည်နိုင်ကြောင်း အဖွားဖြစ်သူကပြောပါတယ်။

မိခင်တိုင်းကကိုယ်သားသမီးကို ကိုယ့်အသက်နဲ့ရင်းပြီးမွေးဖွားခဲ့ခြင်းကြောင့် သားသမီးများကိုအလွန်ချစ်ကြပါတယ်။ဒါပေမဲ့ဒီတရုတ်အမျိုးသမီးကတော့ ရှာမှရှားပါဘဲ။ဘယ်မိဘမှမလုပ်ရက်တဲ့ အလုပ်ကိုလုပ်ခဲ့တာပါ။

သတင်းအရင်းမြစ် momo lay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။